Healthy Life Ad
Health Tips

တစ်မိသားစုလုံး ကိုယ်ခံအားစနစ် ကောင်းမွန်စေမည့် နည်းလမ်းကောင်း ၉ သွယ်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ကလေးကစပြီး ဘိုးဘိုးဘွားဘွားအထိ တစ်မိသားစုလုံး ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) အစားအသောက်များ

အာဟာရသိပ်သည်းမှုများတဲ့ ဟင်းနုနယ်ရွက်၊ ထောပတ်သီးနဲ့ ဘလူးဘယ်ရီသီးတို့လို အစားအသောက်တွေက ကိုယ်ခံအားမြင့်တက်စေပါတယ်။

(၂) ဗီတာမင်ဒီ

နေခြည်နုနုနဲ့ ထိတွေ ့ရတာကြောင့် ကိုယ်ခံအားကောင်းစေတဲ့ ဗီတာမင်ဒီ ရရှိစေပါတယ်။

(၃) အင်တီအောက်ဆီးဒင့်

အင်တီအောက်ဆီးဒင့်များများပါတဲ့ အစိမ်းရောင်နဲ့ အဝါရောင်သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်။

(၄) အိုမီဂါ ၃ ဖက်တီးအက်စစ်

အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့ ငါး၊ ပင်လယ်စာ၊ အခွံမာအစေ့အဆန်တွေကို စားပေးသင့်ပါတယ်။

(၅) ဇင့်(သွပ်)ဓာတ်

တိရစ္ဆာန်ထွက်အသား၊ ပုဇွန်၊ ကမာ၊ ပဲ စတာတွေမှာ ဇင့်ဓာတ်ပါဝင်တာကြောင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေပါတယ်။

(၆) အကျိုးပြုဘက်တီးရီးယား

ဒိန်ချဉ်၊ ဂေါ်ဖီချဉ်၊ ကီဖာတို့လို အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ အစားအသောက်တွေက ကိုယ်ခံအားကောင်းစေပါတယ်။

(၇) လေ့ကျင့်ခန်း

တစ်နေ့မှာ အသင့်အတင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို မိနစ် ၂၀ ခန့် ပြုလုပ်ပေးတာက ကိုယ်ခံအားကောင်းစေပါတယ်။

(၈) အိပ်စက်အနားယူခြင်း

အနားယူပြီး အိပ်ရေးဝ၀ အိပ်စက်ပေးတာက ကိုယ်ခံအားကောင်းစေတဲ့ အချက်ပါ။

(၉) ရေ

ရေသန့်၊ သစ်သီးစိတ်ထည့်ထားတဲ့ရေ၊ ကြက်ရိုးစွပ်ပြုတ်၊ လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးရင် ကိုယ်ခံအား မြင့်တက်စေပါတယ်။

Most Popular

Healthy Life Ad
To Top