Healthy Life Ad
Life Style

ဆယ်ကျော်သက်အရွယ်မှစ၍ အသက်ကြီးသည်အထိ အရွယ်အလိုက် မိတ်ကပ်ပြင်နည်းများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

မိတ်ကပ်ကို အရွယ်အလိုက် စနစ်တကျ လိမ်းတတ်တယ်ဆိုရင် မျက်နှာပေါ်က အပြစ်အနာအဆာတွေကို ဖုံးအုပ်ပေးနိုင်ရုံသာမက မျက်နှာကို လန်းဆန်းလှပ ကြည့်ကောင်းစေပါတယ်။ မိတ်ကပ်လိမ်းတဲ့အခါ အရေးကြီးဆုံးအချက်က အသက်အရွယ်နဲ့လိုက်အောင် ပြင်တတ်ဖို့ပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ပြင်တာနဲ့ အသက် ၄၀ အရွယ်မှာပြင်တာ မတူညီပါဘူး။ ငယ်ချိန်မှာ ငယ်နုတဲ့ အလှတရားပေါ်လွင်အောင် ပြင်ဆင်ရသလို အသက်ကြီးချိန်မှာ ရင့်ကျက်တဲ့အလှနဲ့ ခန့်ညားနေအောင် ပြင်ဆင်တတ်ဖို့ လိုပါတယ်။

alignnone size-medium wp-image-59062
ဆယ်ကျော်သက်အရွယ် မိတ်ကပ်လိမ်းခြယ်နည်း

ဆယ်ကျော်သက်အရွယ်ကတည်းက မျက်နှာသန့်စင်တာ၊ အသားအရေကို တင်းရင်းအောင် တိုနာလိမ်းတာနဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းတာတို့ကို စတင်လုပ်ဆောင်သင့်နေပါပြီ။

ဝက်ခြံတွေ ရှိနေတယ်ဆိုရင် ဖောင်ဒေးရှင်းမိတ်ကပ်မလိမ်းဘဲ ကွန်ဆဲလ်လာတို့ပေးပါ။

အရောင်ပါတဲ့ အလှကုန်ပစ္စည်းတွေကို ညင်ညင်သာသာနဲ့ ခပ်ပါးပါးသာ တို့ထိပေးပါ။

မျက်ဝန်းမိတ်ကပ်အတွက် အပြာရောင်၊ အစိမ်းရောင်နဲ့ ခရမ်းရောင်တွေက သင့်တော်ပါတယ်။

ပန်းရောင်နှုတ်ခမ်းနီ ဆိုးမယ်ဆိုရင် မျက်ဝန်းမိတ်ကပ်ကို နူးညံ့ပျော့ပျောင်းတဲ့အရောင် ခြယ်သပါ။

alignnone size-medium wp-image-59063
အသက် ၂၀ အရွယ် မိတ်ကပ်လိမ်းခြယ်နည်း

ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာတာကြောင့် သင့်အသားအရေက ဆယ်ကျော်သက် အရွယ်လောက်တော့ မနူးညံ့တော့ပါဘူး။

ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုဒဏ် မခံရစေဖို့ အပြင်သွားတိုင်း နေကာခရင်မ်လိမ်းပါ။

အသားအရေကို ပိုဂရုစိုက်ဖို့ လိုအပ်လာသလို အစိုဓာတ်ကို ပိုထိန်းဖို့ လိုအပ်လာပါတယ်။

ဒီအသက်အရွယ်မှာ အခဲပုံစံ မိတ်ကပ်ထက် မိတ်ကပ်အရည်ကိုသုံးတာ ပိုကောင်းပါတယ်။

BB ခရင်မ်၊ CC ခရင်မ်တွေကလည်း အသက် ၂၀ အရွယ်နဲ့ လိုက်ဖက်ပါတယ်။

alignnone size-medium wp-image-59064
အသက် ၃၀ အရွယ် မိတ်ကပ်လိမ်းခြယ်နည်း

အသားအရေက ငယ်စဉ်နဲ့စာရင် ထိခိုက်မှုတွေ ပိုများလာပါတယ်။ ဒီအရွယ်မှာ အိုမင်းမှုတားပစ္စည်းတွေကို စတင်သုံးသင့်နေပါပြီ။

မိတ်ကပ်နဲ့ နှုတ်ခမ်းဆိုးဆီ မသုံးခင် နေကာခရင်မ်ကို မဖြစ်မနေသုံးဖို့ လိုပါတယ်။

ဒီအရွယ်မှာ ပိုပြီးတောက်ပတဲ့ ပြင်ဆင်ခြယ်သမှုမျိုး လိုအပ်လာပါပြီ။

အိုင်းရှဲဒိုးလိမ်းတဲ့အခါ ရင့်လွန်းတဲ့အရောင်ကို ရှောင်ရပါမယ်။ ရင့်လွန်းတဲ့ အိုင်းရှဲဒိုးလိမ်းရင် မျက်ဝန်းကျသလိုဖြစ်ပြီး အိုစာတတ်လို့ပါ။
alignnone size-medium wp-image-59065
အသက် ၄၀ အရွယ် မိတ်ကပ်လိမ်းခြယ်နည်း

အရေးကြောင်းပါးပါးတွေကို ဖုံးအုပ်နိုင်ဖို့ အရောင်လင်းလက်တဲ့ ဖောင်ဒေးရှင်းမိတ်ကပ်ကို လိမ်းသင့်ပါတယ်။

ပေါင်ဒါမှုန့်ထက် ခရင်မ်အမျိုးအစား ပါးနီကို ရွေးလိမ်းပါ။

မျက်တောင်တွေကို အညိုရောင် မျက်ဝန်းဆွဲခဲတံနဲ့ အရောင်တင်ပါ။

မျက်တောင်ကော့တာကြောင့် သင့်မျက်ဝန်းတွေကို ပိုမိုနုနယ်စေပါတယ်။

နှုတ်ခမ်းနီအရောင်က သဘာဝကျတဲ့ အရောင်မျိုးသာ ရွေးသင့်ပါတယ်။

alignnone size-medium wp-image-59066
အသက် ၅၀ နှင့် အထက်အရွယ် မိတ်ကပ်လိမ်းခြယ်နည်း

မိတ်ကပ်လိမ်းဖို့ထက် အသားအရေကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ဖို့က ပိုအရေးကြီးပါတယ်။

ဒီအသက်အရွယ်မှာ အသားအရေကို ကောင်းကောင်းဂရုစိုက်နိုင်လေလေ၊ ပိုမိုနုပျိုလာလေလေ ဖြစ်စေမှာပါ။

မိတ်ကပ်လိမ်းမယ်ဆိုရင် အရည်အသွေးကောင်းတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပါ။

နှုတ်ခမ်းနီကို ခပ်ပါးပါးပဲ ဆိုးပါ။

မျက်ဝန်းမိတ်ကပ်တွေကို အထူကြီး မလိမ်းပါနဲ့။ အရောင်ရင့်လွန်းတဲ့ ပြင်ဆင်မှုတွေကြောင့် မျက်ဝန်းကို ပိုအိုမင်း ရင့်ရော်စေပါတယ်။

Most Popular

Healthy Life Ad
To Top