Healthy Life Ad
News

အင်းစိန်မြို့နယ်၊ ဖျားနာကုဆေးခန်းတွင် တတိယအကြိမ် နှာခေါင်း/အာခေါင်တို့ဖတ် ယူမည့်ရက်ကို ရွှေ ့ဆိုင်း

———၊ ဟန်တိုးစံ ၊ ———

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို ့နယ် ပြည်သူ့ဆေးရုံကြီးမှာ လူနာအလွန်များနေတာကြောင့် အင်းစိန်ဖျားနာကုအခမဲ့ဆေးခန်းမှာ ဓာတ်ခွဲနမူနာတွေ ရယူမယ့်ရက်ကို ရွှေ ့ထားရတယ်လို့ Community Fever Clinic- Yangon Network ရဲ ့ တာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထွန်းက စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောပါတယ်။

အင်းစိန်မြို ့နယ် Fever Clinic မှာ စက်တင်ဘာလ ၁၁ ရက်နေ့က သံသယလူနာ ၂၀ ဦးကို နှာခေါင်း/ အာခေါင်တို့ဖက်ယူခဲ့ရာ Covid-19 အတည်ပြုလူနာ ၆ ဦး ၊ စက်တင္ဘာလ ၁၄ ရက်နေ့က သံသယလူနာ ၃၂ ဦးမှ အတည်ပြုလူနာ၂၀ ဦးကျော် တွေ့ရှိခဲ့ကြောင်း ဆေးခန်းမှ သိရပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့မှာ တတိယအကြိမ် ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးဖို့ လျာထားခဲ့ပေမယ့်လည်း လူနာအရေအတွက် အလွန်များပြီး စစ်ဆေးပေးမယ့် ဆရာဝန်အင်အား မလုံလောက်သေးတာကြောင့် ရွှေ့ထားရတာဖြစ်တယ်လို့ ၎င်းင်ကပြောပါတယ်။

“အင်းစိန်ဆေးရုံဘက်မှာ လူနာအရမ်းများတော့ အဲ့ဒီဘက်မှာဘဲ ကျွန်တော်တို့ အားစိုက်နေရတယ်။ လောလောဆယ် ဒီတစ်ပတ်ကတော့ Swab ယူတာ တစ်ရက်ပဲ ဖြစ်သွားတာပေါ့။ အစက တစ်ပတ်ကို ၂ ရက်လောက် သတ်မှတ်ထားတာ။ အခုလူအရမ်းများနေတော့ စစ်ဖို့ကလည်း လူအင်အားအခက်အခဲ ဖြစ်နေတယ်”လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

အင်းစိန်မြို ့နယ်တွင် ဓာတ်ခွဲနမူနာယူဆောင်မှု အဆင်ပြေပြီး တာဝန်ခံဆရာဝန်များ၊ ဗော်လန်တီရာဆရာဝန်များ ဓာတ်ခွဲနမူနာ ယူဆောင်ခြင်း ကျွမ်းကျင်သွားရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ ့ခွင့်ပြုချက်ယူပြီး ရန်ကုန်မြို ့ရှိ တခြား Fever Clinic တွေမှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

“Fever Clinic တွေကတော့ ပုံမှန်အတိုင်းပဲ ရှိနေမယ်။ ဒါပေမဲ့ Swab ယူဖို့ကတော့ လူအင်အားလိုတယ်။ ဆေးရုံဘက်မှာ လူနာက အရမ်းများတော့ ကျွန်တော်တို့မှာ လူအင်အားအပိုအလျှံ မရှိဘူး”လို့ ၎င်းကပြောပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့က အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးပညာဌာနမှ ပါမောက္ခကြီး ဒေါက်တာဒေါ်မာမာကြည်ရဲ ့ဦးဆောင်မှုဖြင့် နှာခေါင်း/အာခေါင်တို့ဖက်ယူ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး ဖျားနာကုအခမဲ့ဆေးခန်းများမှ တာဝန်ခံဆရာဝန်တွေနဲ့ Volunteers ဆရာဝန်တွေကို သင်တန်းပို့ချပေးခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းရှိ Fever Clinic တွေကို လာရောက်တဲ့ သံသယလူနာတွေကို ဓာတ်ခွဲနမူနာရယူဖို့ အင်းစိန် Fever Clinic သို့ လွှဲပြောင်းပေးတယ်လို့ သိရပါတယ်။ အခမဲ့ဆေးခန်းကို ရောက်လာတဲ့ သံသယလူနာတွေကို အင်းစိန် Fever Clinic သို့ ကိုယ်ပိုင်ကားရှိရင် ကိုယ်ပိုင်ကားနဲ့ လာစေပြီး မရှိရင် လူနာတင်ယာဉ် စေလွှတ်ပြီး ပို့ပေးကြောင်းလည်း ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

အင်းစိန် Fever Clinic မှာ ရယူတဲ့ ဓာတ်ခွဲနမူနာတွေကို အမျိုးသားဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးခြင်းဖြစ်သဖြင့် ထွက်ရှိလာတဲ့အဖြေက ရာနှုန်းပြည့်မှန်ကန်ကြောင်း Community Fever Clinic- Yangon Network ရဲ့ တာဝန်ခံဆရာဝန် ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

Most Popular

Healthy Life Ad
To Top