Healthy Life Ad
Life Style

ဂျပန်လူမျိုးများ ခန္ဓာကိုယ်သွယ်လျရခြင်း လျှို့ဝှက်ချက် ၇ ရပ်

———၊ ငွေကြယ်စင်ယံ ၊———

ဂျပန်အမျိုးသမီး သုံးရာခိုင်နှုန်းခန့်ကသာ အဝလွန်နေကြပြီး ကျန်တဲ့အမျိုးသမီးတွေက ခန္ဓာကိုယ်သွယ်လျ လှပနေကြကြောင်း လေ့လာမှုတွေအရ သိရပါတယ်။ သူတို့မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလို့ ဒီလိုသွယ်လျ လှပနေရသလဲဆိုတာ လေ့လာကြည့်ရအောင်။

alignnone size-medium wp-image-59001
လျှို့ဝှက်ချက် (၁)

သူတို့က ငါး၊ ပဲပိစပ်၊ ထမင်း၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို အဓိက စားကြပါတယ်။ အဆီကို သိပ်စားလေ့မရှိပါဘူး။

alignnone size-medium wp-image-59002
လျှို့ဝှက်ချက် (၂)

သေးငယ်တဲ့ ပန်းကန်လုံးတွေနဲ့ ပမာဏငယ်တဲ့ အစာပမာဏကို မကြာခဏ စားတတ်ပါတယ်။ ပန်းကန်လုံးက ပိုသေးငယ်လေ စားတဲ့ပမာဏ လျော့နည်းလေလေလို့ ဂျပန်အမျိုးသမီးတွေက လက်ခံထားကြပါတယ်။

alignnone size-medium wp-image-59003
လျှို့ဝှက်ချက် (၃)

သံလွင်ဆီလို အဆီနဲ့ ဟင်းချက်တတ်ပါတယ်။ ပေါင်းတာ၊ ပြုတ်တာ၊ နှပ်တာ စတဲ့ ဟင်းချက်နည်းတွေသုံးပြီး ဟင်းလျာပြင်ဆင် စားသောက်ကြပါတယ်။

alignnone size-medium wp-image-59006
လျှို့ဝှက်ချက် (၄)

ပေါင်မုန့်ထက် ထမင်းကို အဓိကစားလေ့ရှိပါတယ်။ ပေါင်မုန့်နဲ့ လုပ်ထားတဲ့ ချိုတဲ့မုန့်တွေကို ရှောင်လေ့ရှိပါတယ်။

alignnone size-medium wp-image-59005
လျှို့ဝှက်ချက် (၅)

နံနက်စာကို ပမာဏအများဆုံး စားလေ့ရှိပြီး ပရိုတင်းဓာတ် ထည့်စားပါတယ်။ နေ့လယ်စာအဖြစ် စိတ်ကျေနပ်ရုံသာ စားလေ့ရှိတာကြောင့် အိပ်ငိုက်တာမျိုးလည်း မဖြစ်တော့ဘဲ လန်းဆန်းနေပါတယ်။

alignnone size-medium wp-image-59004
လျှို့ဝှက်ချက် (၆)

သရေစာ နည်းနည်းစီစားတာပါ။ သရေစာကို နည်းနည်းချင်းစားပြီး အစာကို အလွန်အမင်း စားချင်စိတ်မဖြစ်အောင် ထိန်းတာက ခန္ဓာကိုယ်ကို သွယ်လျစေတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။

alignnone size-medium wp-image-59007
လျှို့ဝှက်ချက် (၇)

တစ်နေ့လုံး လှုပ်ရှားမှုလုပ်ဖြစ်အောင် ကြိုးစားနေထိုင်တာပါ။ အလုပ်ကနီးရင် လမ်းလျှောက်သွားတာ၊ အထပ်မြင့်ကို ရိုးရိုးလှေကားနဲ့တက်တာ၊ အလုပ်မှာ မကြာခဏ လမ်းလျှောက်တာတို့ကို လုပ်ဆောင်ကြပါတယ်။

Most Popular

Healthy Life Ad
To Top