Healthy Life Ad
Health Tips

သင့်စိတ်ကျန်းမာရေး ပိုကောင်းစေမည့် နည်းလမ်းကောင်းများ

———၊ ကိုထက် ၊———

(၁) အိပ်ရေးဝ၀ အိပ်စက်အနားယူရပါမယ်။

(၂) ကိုယ့်ခံစားချက်တွေကို အလေးထားရပါမယ်။

(၃) သဘာဝလောကနဲ့ ထိတွေ့ပြီး အချိန်ကုန်ဆုံးသင့်ပါတယ်။ ဥပမာ-ပန်းခြံထဲ လမ်းလျှောက်တာ။

(၄) ဝါသနာကို အကောင်အထည်ဖော်ပါ။

(၅) မကြာခဏ ရယ်မောပါ။

(၆) ဆုံးရှုံးမှုတွေအတွက် မပူဆွေးပါနဲ့။

(၇) ကိုယ့်ကိုယ်ကိုယ် လက်ခံပါ။ အပြစ်မကင်းတာ၊ ချို့ယွင်းချက်ရှိတာက လူတိုင်းမှာရှိတတ်တဲ့ သဘောပါပဲ။

(၈) ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ပဲ ကြိုးစားပါ၊ တခြားသူတွေကို မပြောင်းလဲပါနဲ့။

(၉) အကူအညီတောင်းပါ၊ သင်က စူပါမန်း ဒါမှမဟုတ် စူပါဝူးမန်းလည်း မဟုတ်ပါဘူး။

(၁၀) အီလက်ထရောနစ် ပစ္စည်းတွေရဲ့ရှေ့မှာ အချိန်မဖြုန်းပါနဲ့။

(၁၁) မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်သွယ်ပါ။

(၁၂) လုပ်ချင်စိတ်ရှိတဲ့အရာကို ကြိုးစားပြီး လုပ်ဆောင်ကြည့်ပါ။

(၁၃) သင့်ခံစားချက်ကို ဖော်ပြပါ။

(၁၄) အပြုသဘောဆောင်တဲ့ လူတွေနဲ့ ပေါင်းသင်းပါ။

(၁၅) လေ့ကျင့်ခန်းလုပ်ပါ။

(၁၆) တစ်ခါတလေ “ငြင်းဆန်တာ”က ကိုယ့်ကို ကျန်းမာစေတယ်ဆိုတာ သတိရပါ။

(၁၇) အမှားလုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ။

(၁၈) အရက်၊ ကဖင်းနဲ့ တခြားမူးယစ်ဆေးတွေကို လျှော့ပါ။

(၁၉) တစ်ယောက်တည်း အချိန်ဖြုန်းပါ။

(၂၀) ကိုယ့်ကိုယ်ကိုယ် သိပါ။

(၂၁) ကိုယ့်အတွင်းစိတ်ရဲ့ အသံကို နားဆင်ပါ။

(၂၂) ခပ်ပြင်းပြင်း ရှူသွင်း/ရှူထုတ်တဲ့ အသက်ရှူနည်းကို လေ့ကျင့်ပါ။

(၂၃) ဆရာဝန်ညွှန်ကြားထားတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေရှိရင် မှီဝဲပေးပါ။

Most Popular

Healthy Life Ad
To Top