Healthy Life Ad
Life Style

လည်ပင်းမည်းနေလျှင် . . .

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

တချို့လူတွေမှာ မျက်နှာလေးဖြူပြီး လည်ပင်းအသားအရေက ညိုမည်းကာ ကြမ်းတမ်းနေတတ်ပါတယ်။ အဖြစ်များရတဲ့ အကြောင်းရင်းက တစ်ကိုယ်ရေသန့်ရှင်းရေးမကောင်းတာ၊ လည်ပင်းအရေပြားကို ဂရုတစိုက် ထိန်းသိမ်းမှု အားနည်းတာတွေကြောင့် ဖြစ်တတ်ပါတယ်။ လည်ပင်းအရေပြား ညိုမည်းကြမ်းတမ်းနေရင် ကြေးချွတ်တာကို လုပ်နိုင်တာကြောင့် အသားအရေ မထိခိုက်ဘဲ လည်ပင်းအရေပြား ဝင်းပလာစေမယ့် သဘာဝနည်းတွေကို အကြံပြုလိုက်ရပါတယ်။

သဘာဝဆေး (၁) သခွားသီး

သခွားသီးကို ကြိတ်ချေလို့ရလာတဲ့ အရည်ကို လည်ပင်းအရေပြားမှာ လိမ်းကာ ၁၅ မိနစ်ကြာ နှိပ်နယ်ပေးပါ။ သခွားသီးမှာပါတဲ့ ဗီတာမင်စီက အပျော့စားကြေးချွတ်အစွမ်းနဲ့ အရောင်ကျွတ်အစွမ်းတို့ ရှိတာကြောင့် အရေပြားဆဲလ်သေတွေ ကင်းစေပြီး အရောင်ညိုမည်းတာကို လျော့ပါးစေပါတယ်။

သဘာဝဆေး (၂) သံပရာရည်

သံပရာသီးကို လတ်လတ်ဆတ်ဆတ်ညှစ်ပြီး ဂွမ်းစနဲ့တို့ကာ လည်ပင်းပေါ် သုတ်လိမ်းပါ။ အချိန် ၅ မိနစ်ကြာမှ ရေနဲ့ဆေးချရမှာပါ။ သံပရာရည်မှာ အသားဖြူစေတဲ့ အစွမ်းရှိပြီး အင်တီအောက်ဆီးဒင့် ပါတာကြောင့် အရွယ်မတိုင်ခင် အိုမင်းတဲ့လက္ခဏာတွေကို ကင်းစင်စေပါတယ်။

သဘာဝဆေး (၃) ခရမ်းချဉ်သီးအနှစ်

ခရမ်းချဉ်သီးကို ဖျစ်ပြီး ရလာတဲ့အနှစ်ကို မည်းနေတဲ့ လည်ပင်းအရေပြားမှာ သုတ်လိမ်းကာ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။ မိနစ် ၂၀ ကြာထားပြီးမှ ရေနဲ့ဆေးချလိုက်ပါ။ ခရမ်းချဉ်သီးရဲ့ အပျော့စား အက်စစ်အစွမ်းက အရောင်ညိုညစ်မှုကို လျော့ပါးသွားစေပါတယ်။

သဘာဝဆေး (၄) ဒိန်ချဉ်

ဒိန်ချဉ်ရဲ့ အပျော့စားအက်စစ်အစွမ်းကလည် ပင်းအရေပြားညိုညစ်မှုကို လင်းလက်စေပါတယ်။ ဒိန်ချဉ်ကို လည်ပင်းအရေပြားမှာ သုတ်လိမ်းပြီး ၁၅ မိနစ်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ နနွင်းမှုန့်နည်းနည်း ဖြူးလိုက်ရင် ပိုးသတ်အစွမ်းပိုရှိပြီး လည်ပင်းအသားအရေ ဝါဝင်းစေပါတယ်။

သဘာဝဆေး (၅) သံလွင်ဆီ

သံလွင်ဆီမှာ အင်တီအောက်ဆီးဒင့် ပါတာကြောင့် လည်ပင်းအရေပြားကို ခပ်ပါးပါး သုတ်လိမ်းပေးပါ။ မကြာခဏ လုပ်ပေးတာကြောင့် အရေပြားကို ဝင်းပစိုပြည်စေပါတယ်။

သဘာဝဆေး (၆) ရှားစောင်းလက်ပပ်အနှစ်

ရှားစောင်းလက်ပပ်အနှစ်ဟာ အသားအရေကို ပိုကျန်းမာ ကြည်လင်စေတာ အမှန်ပါ။ ရှားစောင်းလက်ပပ်အနှစ်ကို လည်ပင်းအရေပြားပေါ် သုတ်လိမ်းပြီး မိနစ် ၂၀ ကြာထားပါ၊ ပြီးမှ ရေနဲ့ဆေးချပါ။

သဘာဝဆေး (၇) ဆော်ဒါမှုန့်

ဆော်ဒါမှုန့်မှာလည်း ကြေးချွတ်အစွမ်း ရှိပါတယ်။ ဆော်ဒါမှုန့် ထမင်းစားဇွန်းတစ်ဇွန်းထဲကို ရေအနည်းငယ်ထည့်မွှေပြီး လည်ပင်းအရေပြားမှာ သုတ်လိမ်းပါ။ လည်ပင်းအရေပြားကို နှိပ်နယ်ပြီး ရေနဲ့ဆေးချပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top