Healthy Life Ad
Health Tips

ဆယ်စက္ကန့်ကျန်းမာရေး နည်းလမ်းများ

ဘဝနေထိုင်မှုပုံစံကို အကြီးအမား ပြောင်းလဲမှုမလုပ်ဘဲ ဆယ်စက္ကန့်လောက်ပဲ အချိန်ပေးရုံနဲ့ သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပါတယ်။ အောက်ပါဆယ်စက္ကန့် ကျန်းမာရေးနည်းလမ်း ၁၀ ခုကို လိုက်နာပေးရုံနဲ့ သင့်ကို ပိုမိုကျန်းမာလာစေ၊ သန်စွမ်းလာစေပြီး ပိုမိုပျော်ရွှင်မှုရရှိစေမှာ ဖြစ်ပါတယ်။

(၁) နံနက်စာအဖြစ် ဥအမျိုးမျိုးကိုစားပါ

နံနက်စာကို ပုံမှန်မစားဘဲ နေတာကြောင့် အဝလွန်နိုင်ခြေ ၄၅၀ ရာခိုင်နှုန်း မြင့်တက်နေပါတယ်။ နံနက်စာမှာ ပရိုတင်းဓာတ်ပေါများတဲ့ အစာကိုစားပေးရင် ပရိုတင်းနည်းတဲ့ အစာစားတာထက် ကိုယ်အလေးချိန်ကို သိသိသာသာ ထိန်းပေးနိုင်တယ်လို့ ဗာဂျီးနီးယား လေ့လာသူတွေက တွေ့ရှိထားပါတယ်။ နံနက်စာမစားတာကြောင့် အလုပ်လုပ်နိုင်စွမ်းအားလည်း ကျဆင်းတတ်ပါတယ်။ ဒါကြောင့် နံနက်စာစားဖို့ အချိန်မရှိလို့ မစားဘဲမနေပါနဲ့။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ကိုလင်းဓာတ်ပါဝင်တဲ့ ဥအမျိုးမျိုးကိုစားပါ။

(၂) မှန်ကြည့်ပြီး ကိုယ်ဟန်အနေအထား ပြုပြင်ပါ

ထိုင်တဲ့အခါ ခပ်မတ်မတ်အနေအထားမျိုး ဖြစ်စေဖို့ မှန်ကြည့်ပြီး ကိုယ်ဟန်အနေအထား ပြုပြင်ပါ။ ခပ်မတ်မတ်နေတာက သင့်ကိုယ်ဟန်ကို ပိုကြည့်ကောင်းစေတဲ့အပြင် ခါးနာသက်သာစေပါတယ်။

(၃) တံခါးနှင့် အနီးဆုံးအိမ်သာကို သုံးပါ

အများသုံးအိမ်သာတွေ စီတန်းနေရင် တံခါးနဲ့အနီးဆုံး အိမ်သာကို လူတိုင်းကျော်သွားလေ့ရှိတဲ့အတွက် ပိုးမွှားအနည်းဆုံး ဖြစ်နေတတ်ပါတယ်။

(၄) အအေးမိနေစဉ် နှပ်ညှစ်ခြင်းမလုပ်ဘဲ နှာရည်သုတ်ပါ

အအေးမိတုန်း နှပ်ညှစ်လိုက်ရင် နှာခေါင်းလမ်းကြောင်းတစ်လျှောက် အချွဲမြှေးနဲ့ ပိုးမွှားဝင်ရောက်စေပြီး အအေးမိဝေဒနာကို ကြန့်ကြာစေပါတယ်။ နှပ်ညှစ်မယ့်အစား ဟစ္စတာမင်းဆန့်ကျင်ဆေးသောက်ပြီး နှာရည်ကို သုတ်လိုက်ပါ။

(၅) မတ်မတ်ရပ်ပြီး အကြောဆန့်ပါ

နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန်တာတို့နဲ့ ဆက်စပ်နေတဲ့ သင့်မျိုးရိုးကို ပြောင်းလဲဖို့ ထိုင်ရာကနေ ထလိုက်ပါ။ ပြီးမှ အကြောဆန့်လေ့ကျင့်ခန်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

(၆) ပန်းဂေါ်ဖီစိမ်း ပေါင်းစားပါ

ပန်းဂေါ်ဖီစိမ်းကို ပေါင်းစားတာက ကင်ဆာတွန်းလှန်နိုင်တဲ့ ဂလူကိုစီးနိုးလိတ်ပမာဏကို ၃၀ ရာခိုင်နှုန်း မြင့်တက်စေတယ်လို့ အီတလီလေ့လာသူတွေက ဆိုပါတယ်။

(၇) အိမ်မွေးတိရစ္ဆာန်နှင့် အချိန်ဖြုန်းပါ

အချစ်တော် အိမ်မွေးတိရစ္ဆာန်နဲ့ အချိန်ဖြုန်းတာက မိတ်ဆွေသူငယ်ချင်း၊ ချစ်သူရီးစား စတာတွေနဲ့ အချိန်ဖြုန်းတာထက် စိတ်ဖိစီးမှုကို ပိုမိုလျော့ကျစေပါတယ်။

(၈) ဟာသဇာတ်လမ်းကြည့်ပြီး ရယ်မောပါ

ဟာသဇာတ်လမ်းကြည့်ပြီး ရယ်မောတာက သွေးကြောတွေကို ၂၂ ရာခိုင်နှုန်း ကျယ်စေပြီး သွေးတိုးကို ကျစေပါတယ်။

(၉) တစ်ည ၇-၈ နာရီကြာ အိပ်စက်ပါ

အိပ်ချိန်များလွန်းတာနဲ့ နည်းလွန်းတာကြောင့် အရွယ်မတိုင်ခင် သေဆုံးမှု ဖြစ်နိုင်ခြေများပါတယ်။ ညဘက်မှာ ကိုးနာရီကျော်အိပ်တာနဲ့ ခြောက်နာရီထက်နည်းပြီး အိပ်တာကြောင့် ကျန်းမာရေးထိခိုက်မှု ဖြစ်တတ်ပါတယ်။

(၁၀) ဘေးစောင်းအိပ်ပါ

ဘေးတစောင်းအိပ်တာကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုကင်းစေပြီး ဟောက်တာနဲ့ အိပ်ရင်း အသက်ရှူခဏတာရပ်တာတို့ ကင်းစေပါတယ်။

Most Popular

Healthy Life Ad
To Top