Healthy Life Ad
Health Tips

ဗိုက်ခွဲကလေးမွေးပြီး အမြန်ဆုံးအနာကျက်စေမည့် နည်းလမ်း၁၀

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

အမျိုးသမီး ၃ ဦးမှာ တစ်ဦးနှုန်းက ဗိုက်ခွဲပြီး ကလေးမွေးနေကြပါတယ်။ ဗိုက်ခွဲမွေးပြီးချိန်မှာ အနာကျက်စေမယ့် အလွယ်နည်းလမ်းတွေကို အကြံပြုပေးလိုက်ပါတယ်။

alignnone size-medium wp-image-58717
နည်းလမ်း (၁) အကျိုးပြုဘက်တီးရီးယားပါသည့် အချဉ်ဖောက်ထားသော အစာစားပါ

ဗိုက်ခွဲမွေးဖွားချိန်အတွင်း အကျိုးပြုဘက်တီးရီးယားပါတဲ့ အစားအသောက်တွေစားထားရင် အူလမ်းကြောင်းကို ကျန်းမာစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကို မြင့်တက်စေပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အချဉ်ဖောက်ထားတဲ့အစာကို အသင့်အတင့်စားထားရင် အကျိုးပြုဘက်တီးရီးယားကို ရရှိစေနိုင်ပါတယ်။

alignnone size-medium wp-image-58718
နည်းလမ်း (၂) လမ်းလျှောက်ပါ

သင့်ဆရာဝန်က သင့်ကို လေ့ကျင့်ခန်းစလုပ်နိုင်ပြီလို့ ပြောခဲ့ရင် တစ်ချိန်မှာ မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးနိုင်ပါတယ်။ လမ်းလျှောက်တာကြောင့် လေထွက်စေပြီး သွေးလှည့်ပတ်မှုကောင်းကာ သွေးခဲဖြစ်နှုန်း လျော့ကျစေပါတယ်၊ အူလုပ်ငန်းဆောင်တာကိုလည်း ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အနာကျက်နိုင်ခြေ များစေပါတယ်။

alignnone size-medium wp-image-58719
နည်းလမ်း (၃) ရောင်ရမ်းမှုဖြစ်စေသော အစာကို ရှောင်ပါ

အာဟာရဆိုတာ ကလေးမွေးထားတဲ့ မိခင်တွေအတွက် အရေးကြီးပါတယ်။ အနီရောင်အသား၊ ပေါင်မုန့်ဖြူနဲ့ ဆီကြော်စာတို့လို ရောင်ရမ်းမှုဖြစ်စေတဲ့ အစာတွေကို ထိန်းချုပ်ပါ။ ဘယ်ရီသီး၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ အခွံမာသီးနဲ့ အစေ့အဆန်တို့လို ရောင်ရမ်းမှုဟန့်တားပေးတဲ့ အစားအစာတွေကို စားပေးပါ။ ကြက်သားနဲ့ ဆယ်လ်မွန်ငါးတို့လို အမိုင်နိုအက်စစ်ပါတဲ့ အစာတွေက တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

alignnone size-medium wp-image-58720
နည်းလမ်း (၄) အကိုက်အခဲပျောက်ဆေး မှီဝဲပါ

ဗိုက်ခွဲကလေးမွေးပြီး နှစ်ပတ်လောက်ကြာတဲ့အထိ မိခင်မှာ နာကျင်မှုခံစားရတတ်တာ သဘာဝပါ။ ဆရာဝန်တွေက အိုင်ဗျူပရိုဖန်လို ရောင်ရမ်းမှုကျစေတဲ့ ဆေးဝါးတွေကို ညွှန်လေ့ရှိကြပါတယ်။ တစ်နေ့မှာ လေးကြိမ်လောက် ဆေးသောက်ပြီး နာကျင်မှုသက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။

alignnone size-medium wp-image-58721
နည်းလမ်း (၅) များများအနားယူပါ

ဗိုက်ခွဲမွေးပြီးချိန်မှာ အနားယူတာက အကောင်းဆုံးသက်သာစေမယ့် နည်းပါ။ အိမ်မှာ မွေးကင်းစကလေးရှိရင် များများအိပ်စက်အနားယူနိုင်ဖို့ မလွယ်ပါဘူး။ ကလေးမွေးပြီးစ မိခင်တစ်ယောက်အနေနဲ့ ကလေးအိပ်တဲ့အချိန် လိုက်အိပ်ဖို့ကြိုးစားတာမျိုး၊ ဖခင်ကဖြစ်ဖြစ် ကလေးထိန်းပေးချိန်မှာ တစ်ရေးအိပ်လိုက်တာမျိုး လုပ်သင့်ပါတယ်။

alignnone size-medium wp-image-58722
နည်းလမ်း (၆) မိခင်နို့ချိုတိုက်ကျွေးပါ

ကလေးမွေးပြီးစမိခင်က နို့ချိုတိုက်ကျွေးရင် ဗိုက်ခွဲထားတဲ့ ဒဏ်ရာရဲ့ နာကျင်မှုကို လျော့ကျစေပါတယ်။ အကြောင်းကတော့ မိခင်နို့ချိုတိုက်ကျွေးချိန်မှာ ထွက်လာတဲ့ အောက်ဆီတိုစင် ဟော်မုန်းကြောင့်ပါ။

alignnone size-medium wp-image-58723
နည်းလမ်း (၇) ဝမ်းချုပ်ဝေဒနာကို တွန်းလှန်ပါ

ဗိုက်ခွဲကလေးမွေးပြီးချိန်မှာ မိခင်တစ်ယောက်က ဟော်မုန်းအပြောင်းအလဲကြောင့် ဝမ်းချုပ်တာ၊ ဝမ်းဗိုက်ကြွက်သားတွေ ညှစ်အားနည်းတာတို့ ဖြစ်တတ်ပါတယ်။ ဒါကို တွန်းလှန်နိုင်ဖို့ ရေများများ သောက်ပေးပါ၊ လတ်ဆတ်တဲ့ သစ်သီးဝလံတို့လို အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ စားပေးပါ။ ဘယ်လိုမှ အဆင်မပြေရင် ဆရာဝန်ကို ဝမ်းပျော့ဆေးတောင်းပါ။

alignnone size-medium wp-image-58724
နည်းလမ်း (၈) ကူးစက်ပိုးဝင်သော လက္ခဏာများကို စောင့်ကြည့်ပါ

ခွဲစိတ်ပြီးချိန်မှာ ကူးစက်ပိုးဝင်၊ မဝင် လက္ခဏာတွေကို စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ ကလေးမွေးပြီးစ မိခင်တွေရဲ့ ကိုယ်အပူချိန်ကို ၂၄ ရီကြာ တိုင်းတိုင်းတာပြီး ရောင်ရမ်းနေသလား၊ စူးရှတဲ့ နာကျင်မှု ခံစားနေရသလား၊ ဗိုက်ခွဲရာမှာ နီမြန်းနေသလား၊ ချမ်းတုန်နေသလားဆိုတာကို စစ်ဆေးကြည့်ပါ။ လက္ခဏာတွေ ပေါ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

alignnone size-medium wp-image-58725
နည်းလမ်း (၉) မိန်းမကိုယ်သွေးဆင်းခြင်းအတွက် လစဉ်သုံးဂွမ်းထုပ်သုံးပါ

ဗိုက်ခွဲကလေးမွေးပြီးချိန်မှာ မိန်းမကိုယ်သွေးဆင်းတာ ဖြစ်တတ်တဲ့အတွက် လစဉ်သုံးဂွမ်းထုပ် ခံထားရပါမယ်။ ဒီအချိန်မှာ မိန်းမကိုယ်ကနေ အလွန်အမင်းသွေးဆင်းနေရင်၊ အနံ့ဆိုးထွက်နေရင်၊ ဖျားနေရင် ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ရပါမယ်။

alignnone size-medium wp-image-58726
နည်းလမ်း (၁၀) စိတ်ခံစားမှုကို ထိန်းချုပ်ပါ

ဗိုက်ခွဲမွေးပြီးချိန်မှာ ကလေးမိခင်အနေနဲ့ အပြစ်ရှိသလိုလို၊ ရှက်ရွံ့သလိုလို ခံစားရတတ်ပါတယ်။ ဒီခံစားချက်တွေ ရှိနေရင် ကိုယ်ယုံကြည်ရသူကို ဖွင့်ပြောပါ။

အကြံပြုချက်
• ဗိုက်ခွဲမွေးပြီး ဖြစ်ပေါ်တဲ့ အမာရွတ် အမြန်ဆုံးသက်သာစေဖို့ ဆပ်ပြာရည်နဲ့ သန့်စင်ပေးပါ။

• ခပ်ကြမ်းကြမ်း ပွတ်တိုက်တာကို ရှောင်ပြီး တဘတ်နဲ့ ခြောက်အောင် သုတ်ပေးပါ။

• သက်သောင့်သက်သာရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပေးပါ။

• အမာရွတ် ခပ်မြန်မြန်ပျောက်ချင်ရင် လေဆာနည်းနဲ့ ဖျောက်ရပါမယ်။

Most Popular

Healthy Life Ad
To Top