Healthy Life Ad
Life Style

အောင်မြင်မှုအတွက် နေ့စဉ်အမူအကျင့် ၇ ရပ်

———၊ ကိုထက် ၊———

(၁) ညကတည်းက နောက်တစ်နေ့အတွက် ကြိုတင်စီစဉ်ခြင်း

နောက်တစ်နေ့လုပ်ရမယ့် အလုပ်အတွက် တစ်နေ့တာလုပ်စရာကို ချရေးပါ။

(၂) နံနက်စောစောထသည့် အကျင့်ပြုလုပ်ခြင်း

မနက်စောစောထတာက အလုပ်တွေကို မြန်မြန်ပြီးစီး အောင်မြင်စေပါတယ်။

(၃) တိတ်ဆိတ်သော အချိန်ထားရှိခြင်း

တစ်နေ့တာမစတင်ခင် တရားထိုင်ဖို့၊ ဘုရားစာရွတ်ဆုတောင်းဖို့ မိနစ်အနည်းငယ်ပေးပါ။

(၄) နေ့စဉ် ကျေးဇူးတင်ထိုက်သူများကို မေတ္တာပို့ခြင်း

နေ့စဉ် ကျေးဇူးတင်ထိုက်သူတွေကို သတိရပြီး မေတ္တာပို့သပေးပါ။

(၅) စိတ်ခွန်အားပေးသည့် စာအုပ်ဖတ်ခြင်း

ဘဝမှာ တိုးတက်အောင်မြင်ဖို့ နေ့စဉ်လုပ်ရမယ့် အရာထဲမှာ စိတ်ခွန်အားဖြစ်စေတဲ့ စာအုပ်ဖတ်ရှုတာလည်း ပါဝင်ပါတယ်။

(၆) နေ့စဉ်နေ့တိုင်း ခန္ဓာကိုယ်လှုပ်ရှားမှု လုပ်ဆောင်ခြင်း

နေ့စဉ်လေ့ကျင့်ခန်းလုပ်တာက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းစေပြီး စိတ်အာရုံစူးစိုက်မှုဖြစ်စေကာ တစ်နေ့တာကို ရှင်းရှင်းလင်းလင်း လုပ်နိုင်စွမ်း ရှိစေပါတယ်။

(၇) တစ်နေ့တာလုပ်ရမယ့် စာရင်းထဲမှာ အရေးကြီးဆုံးအရာကို ထည့်ခြင်း

တစ်နေ့တာလုပ်ရမယ့် စာရင်းထဲမှာ အရေးကြီးဆုံးအရာကို ထည့်သွင်းလုပ်ဆောင်တာကို မဖြစ်မနေ လုပ်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top