Healthy Life Ad
Life Style

အလုပ်လုပ်ရာမှာ ရည်မှန်းချက်ပန်းတိုင် ရောက်စေဖို့ . . .

———၊ လရိပ်မေ ၊———

အလုပ်လုပ်တဲ့အခါ ပန်းတိုင်ရောက်စေဖို့ နေ့စဉ်လိုက်နာသင့်တဲ့ မှတ်သားစရာတွေကို အကြံပြုပါရစေ။

ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်လွှဲနိုင်ရန် ‘ပူးပေါင်းဆောင်ရွက်ပါ’

လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဘဝမှာ ရန်သူမရှိစေဖို့ တူညီတဲ့အဖြေတစ်ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒါကတော့”ထိခိုက်ဒဏ်ရာရမှုကို ရှောင်ရှားလိုရင် သေဆုံးလိုက်ပါ၊ ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်ရှားလိုရင် ပူးပေါင်းဆောင်ရွက်လိုက်ပါ”ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်နဲ့ ရန်ဖြစ်နေမယ့်အစား တစ်ဦးနဲ့တစ်ဦး မတူတာတွေညှိပြီး လက်တွဲပူးပေါင်းလိုက်ရင် ပန်းတိုင်ရောက်ဖို့ ပိုနီးသွားပါတယ်။

ဟောပြောရာတွင် အာရုံစူးစိုက်မှု ရရှိစေရန် ‘အားကောင်းသော ပုံပြင်နှင့် စပါ’

ဒါက အဟောအပြောပညာရှင် ဝါးနစ်ရဲ့ အကြံပြုချက်ဖြစ်ပါတယ်။ လူအများကို ဟောပြောပို့ချမှု တစ်ခုပြုလုပ်ရာမှာ အရင်ဆုံး လူအများရဲ့ အာရုံစူးစိုက်မှုရရှိစေဖို့ ရေပန်းစားတဲ့ ဆွေးနွေးတင်ပြမှုနဲ့ စတင်လိုက်ပါ။ အဲဒီအချိန်မှာ လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာပြီး ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို ပြောပြနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာသက်ရှည်စေရန် ‘စေတနာ့ဝန်ထမ်းလုပ်ပါ’

လေ့လာမှု ၃၀ အရ စေတနာ့ဝန်ထမ်းအလုပ်ကို လုပ်ဆောင်တာကြောင့် ကျန်းမာသက်ရှည်စေတယ်လို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top