Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် အလှအပအတွက် ရရှိနိုင်သည့် ကောင်းကျိုးများ

———၊ ငွေကြယ်စင်ယံ ၊———

လေ့ကျင့်ခန်းလုပ်တာကြောင့် အသားအရေကိုသာမက ကိုယ်နေဟန်နဲ့ ခါးအရွယ်အစားတွေကိုပါ ကြည့်ကောင်းစေပါတယ်။

နုပျိုသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေခြင်း

လေ့လာမှုတွေအရ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကြောင့် အသက်ကြီးတဲ့အထိ ခန္ဓာကိုယ်က ငယ်ရွယ်သူတွေလိုပဲ ကြည့်ကောင်းစေပါတယ်။

ကိုယ်နေဟန်ထား ကောင်းမွန်ခြင်း

လေ့ကျင့်ခန်းလုပ်တာကြောင့် အရိုးတွေကို သန်စွမ်းစေပြီး အရိုးပါးရောဂါဖြစ်နှုန်းကို လျော့ကျစေသလို အဆစ်ရောင်ရမ်းနာကျင်မှု ဝေဒနာကိုလည်း ကင်းစင်စေပါတယ်။ ဒါ့အပြင် ပခုံးနဲ့ ကျောပြင်ကို မတ်နေစေပါတယ်။

အသားအရေ ရှင်းသန့်ခြင်း

အေရိုးဗစ်လေ့ကျင့်ခန်း လုပ်တာကြောင့် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးကြောတွေကို ရှင်းသန့်စေပါတယ်။ ဒါ့အပြင် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် အဖုအပိမ့်တွေကို ကင်းစင်စေပါတယ်။

ရင်သားကျန်းမာလှပခြင်း

လေ့ကျင့်ခန်းလုပ်တာကြောင့် ရင်သားကင်ဆာဖြစ်နှုန်းကို ၃၃ ရာခိုင်နှုန်းကျော် လျော့ကျစေတဲ့အပြင် တခြားကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရင်သားကိုလည်း တင်းရင်းလှပစေပါတယ်။

ခါးသေးသွယ်ခြင်း

လေ့ကျင့်ခန်းလုပ်လို့ ကြွက်သားတစ်ပေါင်တိုးလာတိုင်း တစ်နေ့ ၅၀-၁၅၀ ကယ်လိုရီ တိုးလာစေပါတယ်။ ကြွက်သားထုထည်ကို တည်ဆောက်တဲ့ လေ့ကျင့်ခန်းဟာ ကယ်လိုရီကို လောင်ကျွမ်းစေပြီး ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေတဲ့အပြင် ဝမ်းဗိုက်အဆီ လျော့ကျစေတဲ့အတွက် ခါးသွယ်လျလှပစေပါတယ်။

Most Popular

Healthy Life Ad
To Top