Healthy Life Ad
Q & A

လေးလအရွယ်ကလေး အူကျနေလို့ပါ

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. လေးလအရွယ်သားလေး အူကျပြီး ဝေဒနာခံစားနေရပါတယ်။ ဆရာဝန်ပြတော့ အသက်အရမ်းငယ်သေးကြောင်း ရှင်းပြပါတယ်။ တခြားနည်းလမ်း ရှိပါဦးမလား အကြံပြုပေးစေချင်ပါတယ် ခင်ဗျ။
C C(FB)

A. အသက်က လေးလဆိုတော့ ငယ်သေးတယ်။ ပေါင်ခြံကနေ အူကျွံထွက်တာကို အူကျတယ်လို့ ခေါ်ပါတယ်။ ထိုင်တာကြာတယ်၊ ချီထားတာကြာလို့ အဲဒီနေရာလေး ဖောင်းနေတယ်ဆိုရင် သူ့ကို ပက်လက်လေး အသာချထားပေးလိုက်ရင် ပြန်သက်သာသွားပါလိမ့်မယ်။ ဝေဒနာအနေနဲ့ကတော့ အများစုက နာကျင်မှု သိပ်ခံစားရလေ့မရှိဘူး။ အူကျကာစမှာတော့ နည်းနည်းအောင့်တယ်။ လေးလမှာ ဝေဒနာခံစားနေရတယ်ဆိုတာ ကလေးကတော့ မပြောတတ်သေးဘူး။ ကလေးကို ကြာကြာချီထားရင်၊ ကလေးကို ထိုင်လျက်အနေအထားနဲ့ ပွေ့ထားရင် အဲဒီနေရာမှာ ဖောင်းနေတာကို ဝေဒနာခံစားရတယ်လို့ ပြောချင်တာထင်ပါတယ်။ အဲဒါမျိုးဆိုရင် ကလေးကို ပက်လက်အနေအထားလေး ပြန်ထားပေးလိုက်ပါ။ တင်ပါးလေးကို မြှောက်ပေးလိုက်ရင် အဲဒီအလုံးလေးက ကမ္ဘာ့မြေဆွဲအားနဲ့ အထဲဝင်သွားလိမ့်မယ်။ ဖောင်းတဲ့နေရာလေးကို လက်လေးနဲ့ အသာလေးထိန်းပြီး ချီရင် ကြာကြာထိုင်လို့ရမယ်။ ပက်လက်အိပ်တဲ့ အနေအထားကို များများထားပေးပါ။ အိပ်နေရာကနေ ထိုင်လိုက်တာနဲ့ ဖောင်းလာတတ်တယ်။ ပက်လက်အိပ်နေရင်းနဲ့ ဖောင်းနေရင်တော့ အူကျွံတာ ညပ်နေတတ်တယ်။ ဖောင်းတာကြာသွားရင်တော့ မကောင်းဘဲနဲ့ အူခေါက်တာ၊ အူပိတ်တာတို့ ဖြစ်နေတတ်ပါတယ်။ ဖောင်းဖောင်းကြီးနဲ့ ကြာကြာတော့ မထားသင့်ပါဘူး။

Most Popular

Healthy Life Ad
To Top