Healthy Life Ad
Health Tips

မိနစ်၂၀ ကြာ ယောဂကျင့်ခြင်းဖြင့် ဦးနှောက်လုပ်ငန်းကို ချက်ချင်းကောင်းမွန်စေနိုင်

———၊ ကိုထက် ၊———

မိနစ် ၂၀ ကြာ ယောဂကျင့်တာကြောင့် အာရုံစူးစိုက်နိုင်စွမ်းနဲ့ သတင်းအချက်အလက် အသစ်တွေကို မှတ်သားအသုံးပြုနိုင်စွမ်းတို့နဲ့ ဆိုင်တဲ့ ဦးနှောက်လုပ်ငန်းဆောင်တာကို သိသိသာသာ တိုးတက်ကောင်းမွန်မှုရှိကြောင်း လေ့လာသူတို့က ဖော်ပြထားပါတယ်။

ငယ်ရွယ်တဲ့ ဘွဲ့ကြိုကျောင်းသူ ၃၀ ဦးကို လေ့လာခဲ့ရာ အေရိုးဗစ်လေ့ကျင့်ခန်းကို ပြုလုပ်တာထက် ယောဂကျင့်ပြီးချိန်မှာ ဦးနှောက်စွမ်းရည် သိသိသာသာ တိုးတက်မှုရှိကြောင်း သိရပါတယ်။

“ယောဂက ရှေးဟာင်းအိန္ဒိယ သိပ္ပံပညာဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ ကိုယ်နေဟန်ကိုသာ ကြည့်ကောင်းစေရုံသာမက အသက်ရှူလေ့ကျင့်ခန်းနဲ့ တရားထိုင်တာတွေကိုပါ လုပ်ဖြစ်စေပါတယ်”လို့ လေ့လာမှုကို ဦးဆောင်သူ ဂိုသီက ရှင်းပြထားပါတယ်။

လေ့လာမှုမှာ ပါဝင်သူတွေကို ပြုလုပ်ခဲ့တဲ့ မိနစ် ၂၀ ကြာ ယောဂကျင့်စဉ်မှာ ကြွက်သားအုပ်စုအားလုံး ကျုံ့လိုက်၊ ဖြေလျှော့လိုက်ဖြစ်စေတဲ့ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းနဲ့ လဲလျောင်းခြင်းကျင့်စဉ်တို့အပြင် အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်ခြင်းနှင့် တရားထိုင်ခြင်းတို့လည်း ပါဝင်ပါတယ်။ မိနစ် ၂၀ ကြာ အေရိုးဗစ်လေ့ကျင့်ခန်း ပြုလုပ်ခြင်းမှာလည်း ပြေးစက်ပေါ်ပြေးခြင်း၊ ကိရိယာလွတ် လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။ အဲဒီနောက် လေ့ကျင့်ခန်းနှစ်ခုကို နှိုင်းယှဉ်ခဲ့ရာ ယောဂကျင့်သူတွေက အေရိုးဗစ်ကစားသူတို့ထက် သတင်းအချက်အလက်တွေကို သိုမှီးနိုင်စွမ်း၊ အသုံးပြုနိုင်စွမ်း ပိုမိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

Most Popular

Healthy Life Ad
To Top