Healthy Life Ad
Life Style

ချစ်ခြင်းမေတ္တာ…

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ချစ်ခြင်းမေတ္တာဆိုတာ ကြင်နာစောင့်ရှောက်ခြင်းနဲ့ စိတ်ရှည်သည်းခံခြင်းကို အချိုးကျကျ ရောစပ်ထားတဲ့ အရာဖြစ်တယ်။ ချစ်ခြင်းမေတ္တာဆိုတာ အရာရာတိုင်းကို စောင့်ရှောက်ပြီး ယဉ်ကျေးဖော်ရွေမှုရှိတာလည်း ဖြစ်တယ်။ ချစ်ခြင်းမေတ္တာဆိုတာ အရာအားလုံးလည်း ဖြစ်တယ်။ ချစ်ခြင်းမေတ္တာကိုပြဖို့ နည်းလမ်းအများကြီး ရှိပါတယ်။

လော်ရန်းက သူ့စာသင်ခန်းကိုချစ်တယ်။ အထူးသဖြင့် အတန်းထဲက အတန်းဖော် အိမ်မွေးတိရစ္ဆာန်လေးဖြစ်တဲ့ ဟမ်းစတားလေးကို ချစ်တယ်။ နေ့တိုင်းဟမ်းစတားလေးကို “ဟဲလို”လို့ နှုတ်ခွန်းဆက်ပြီး အစာကျွေးတယ်၊ သူ့လှောင်အိမ်လေးကို သန့်ရှင်းပေးတယ်၊ ရေခွက်လေးထဲ ရေထည့်ပေးတယ်။ လော်ရန်းက ဟမ်းစတားလေးကို ချစ်ခြင်းမေတ္တာ အပြည့်အဝပေးသူ ဖြစ်တယ်။

ဂျွန်က သူ့စာသင်ခန်းကို ချစ်မြတ်နိုးတယ်။ သူက သူ့ဆရာမကို ချစ်တယ်။ ဆရာမက သင်ခန်းစာတွေကို စေတနာမေတ္တာအပြည့်နဲ့ သင်ကြားပေးတာကြောင့်ဖြစ်တယ်။ ဂျွန်က သူ့အတန်းဖော် သူငယ်ချင်းတွေကို ချစ်တယ်။ သူတို့က ကြင်နာပြီး ကူညီတတ်တယ်၊ ပျော်ပျော်နေတတ်တယ်လို့ ဂျွန်ကပြောတယ်။ သူ့အတန်းကလူတွေ ပျော်ရွှင်အောင်နဲ့ စာသင်ခန်းတစ်ခုလုံး သန့်ရှင်းနေအောင် ဂျွန်က အကောင်းဆုံးကြိုးစားတယ်။ ဒါက ဂျွန်ရဲ့ သူ့အတန်းအတွက် ချစ်ခြင်းမေတ္တာပြသခြင်းပဲ ဖြစ်ပါတယ်။

သင်ကတော့ ချစ်ခြင်းမေတ္တာကို ဘယ်လိုပုံစံမျိုးနဲ့ ပြသလေ့ရှိပါသလဲ။

Most Popular

Healthy Life Ad
To Top