Healthy Life Ad
Health Tips

ကိုယ်အလေးချိန် မထင်မှတ်ဘဲ ဘာလို့ကျသလဲ (Causes of sudden weight loss)

———၊ ဒေါက်တာတင့်ဆွေ ၊———

မေးခွန်းဘာသာပြန် = အသက် ၂၃ နှစ် ကျန်းမာနေတဲ့ ယောကျာ်းတစ်ယောက် အလေးချိန် မထင်မှတ်ဘဲ ကျလာတာ ဘာလို့ပါလဲ။ သွေးတွင်းသကြားဓာတ်လည်း နည်းနေပါတယ်။

1. Diabetes ဆီးချို

ဆီးသွားတဲ့အကြိမ် ပိုများမယ်။ ရေငတ်မယ်။ ဆာလောင်မယ်။ အမျိုးအစား (၂) ဆိုရင် ကိုယ်အလေးချိန်တက်ပြီး (၁) ဆိုရင် ကျမယ်။ အားယုတ်မယ်။ အနာတော်တော်နဲ့ မကျက်နိုင်ဘူး။

၂. Depression စိတ်ဓာတ်ကျခြင်း

စိတ်မူပြောင်းမယ်။ ဝမ်းနည်းတာများနေမယ်။ စိတ်တိုမယ်။ ကိုယ်အလေးချိန်ကျမယ်။ အလုပ်-ကျောင်းပျက်မယ်။ ပျော်ရွှင်မှုနည်းမယ်။ အိပ်မပျော် ဒါမှမဟုတ် အကြာကြီးအိပ်မယ်။ အနုတ်သဘောသာ ထင်မြင်ပြောဆိုနေမယ်။ သတ်သေချင်စိတ် ဝင်လာမယ်။

၃. Overactive thyroid လည်ပင်းကြီးဟော်မုန်းများခြင်း

လည်ပင်းကြီးအကျိတ်ကနေ ဟော်မုန်းတွေ ထုတ်ပေးနေတယ်။ သူ့ကြောင့် နှလုံးခုန်နှုန်းနဲ့ ကယ်လိုရီ အသုံးပြုမှုတွေကို သက်ရောက်စေတယ်။ ဒါ့အပြင် ကယ်လ်စီယမ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းလည်း ထုတ်ပေးတယ်။ အဲလိုများနေသူတွေမှာ နှလုံးခုန်မြန်နေမယ်။ ရင်တုန်မယ်။ မူမမှန်ဖြစ်မယ်။ မျက်နှာနီမြန်းနေမယ်။ ချွေးပိုထွက်မယ်။ ကိုယ်အလေးချိန်ကျမယ်။ အသက်ရှူတာတိုမယ်။ ဆောက်တည်ရာမရ လုပ်တတ်တယ်။ အားယုတ်မယ်။ စိတ်တိုမယ်။ ပူတာမကြိုက်ဖြစ်မယ်။ မျက်လုံးပြူးလာမယ်။ ကလေးမရနိုင်ဖြစ်မယ်။ လိင်စိတ်နည်းမယ်။

4. Tuberculosis တီဘီ

တီဘီဟာ နာတာရှည်ရောဂါဖြစ်တယ်။ အဆုတ်၊ ခါးရိုး၊ အူ၊ ကျောက်ကပ်နဲ့ ဦးနှောက်မှာဖြစ်နိုင်တယ်။ ချောင်းဆိုးမယ်။ သလိပ်ထဲ သွေးပါနိုင်တယ်။ ရင်ဘတ်အောင့်နိုင်တယ်။ ကိုယ်အလေးချိန်ကျလာမယ်။ ကိုယ်ပူမယ်။ ညချွေးထွက်မယ်။

“လည်ပင်းကြီးအကျိတ်ကနေ ဟော်မုန်းတွေထုတ်ပေးနေတယ်။ သူ့ကြောင့် နှလုံးခုန်နှုန်းနဲ့ ကယ်လိုရီ အသုံးပြုမှုတွေကို သက်ရောက်စေတယ်။ ဒါ့အပြင် ကယ်လ်စီယမ်ကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းလည်း ထုတ်ပေးတယ်။ အဲလိုများနေသူတွေမှာ နှလုံးခုန်မြန်နေမယ်။ ရင်တုန်မယ်။ မူမမှန်ဖြစ်မယ်။ မျက်နှာနီမြန်းနေမယ်။ ချွေးပိုထွက်မယ်။ ကိုယ်အလေးချိန်ကျမယ်။”

5. Chronic obstructive pulmonary disease နာတာရှည် အဆုတ်လမ်းပိတ်ဆို့ရောဂါ

လေသွားလမ်းကို တစ်နည်းနည်းနဲ့ ပိတ်စေတဲ့ ရောဂါတွေကို စခေါ်တာဖြစ်တယ်။ အသက်ရှူခက်မယ်။ နာတာရှည်လေပြွန်ရောင်တာလည်း ပါတယ်။ အသက်ရှူသံက စီစီ စီစီသံထွက်နေမယ်။ အသက်ရှူတိုမယ်။ ရင်ကြပ်မယ်။ ပါးစပ်၊ နှုတ်ခမ်းနဲ့ ခြေသည်းလက်သည်းတွေ ပြာနေမယ်။ မောပန်းမယ်။ ကိုယ်အလေးချိန် နောက်ပိုင်းမှာကျလာမယ်။

6. Crohn’s disease (ခရုန်း) ရောဂါ

Inflammatory bowel disease (IBD) အူရောင်တာလို့လည်း ခေါ်တယ်။ ဗိုက်အောင့်မယ်။ ဆိုးဆိုးဝါးဝါး ဝမ်းပျက်မယ်။ အာဟာရချို့တဲ့မယ်။ ကြွက်တက်မယ်။ စားချင်စိတ်နည်းမယ်။ ဝမ်းထဲအနာဖြစ်လို့ သွေးပါမယ်။

7. Addison’s disease (အယ်ဒီဆင်) ရောဂါ

ကျောက်ကပ်အထက်မှာရှိတဲ့ (အဒီနယ်) အကျိတ်ကနေ ထုတ်ပေးနေတဲ့ ဟော်မုန်းတွေနည်းနေတဲ့ ရောဂါဖြစ်တယ်။ cortisol နဲ့ aldosterone တွေဖြစ်တယ်။ ကိုယ်အလေးချိန်ကျမယ်။ အားယုတ်မယ်။ ကြွက်သားအားနည်းမယ်။ သွေးဖိအားကျမယ်။

8. Cancer ကင်ဆာ

တစ်ကိုယ်လုံး ဘယ်နေရာဖြစ်ဖြစ် ကင်ဆာဖြစ်နိုင်တယ်။ အမျိုးအစားအလိုက် ခံစားရမှာ မတူဘူး။ များသောအားဖြင့် ကိုယ်အလေးချိန်ကျမယ်။ အားယုတ်မယ်။ ညချွေးထွက်မယ်။ တက်စေ့တွေရောင်မယ်။

9. HIV / AIDS အိတ်ချ်အိုင်ဗွီ

HIV ပိုးဝင်ကာစ တုပ်ကွေးလိုသာ ခံစားရမယ်။ AIDS ဝင်လာရင်တော့ ရောဂါလက္ခဏာတွေ အမျိုးမျိုးရှိနိုင်တယ်။ ကိုယ်အလေးချိန်ကျမယ်။

10. Parkinson’s disease (ပါကင်ဆန်)ရောဂါ

ဆိုးဆိုးလာတဲ့ အာရုံကြောရောဂါဖြစ်တယ်။ ကိုယ်နဲ့မျက်နှာမှာ တင်းတောင့်နေမယ်။ သွားလာလှုပ်ရှားမှုနှေးမယ်။ ပျောက်အောင်ကုမရပေမဲ့ ဆေးကုရင် ခံစားရတာတွေကို သက်သာစေမယ်။ ကိုယ်ကိုထိန်းရတာခက်မယ်။ မျက်တောင်ခပ်တာ၊ ရယ်တာကအစ အလိုလိုထိန်းနိုင်တာတွေ ခက်ခဲလာမယ်။ လမ်းသွားလို့လက်လွှဲတာ၊ စကားပြောတာတွေ ခက်လာမယ်။ ကိုယ်အလေးချိန်ကျမယ်။

Most Popular

Healthy Life Ad
To Top