Healthy Life Ad
Q & A

မျက်စိမမြင်သူတို့ ကျောက်မျက်လုံးထည့်ခြင်း

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. မျက်စိမမြင်တဲ့သူတွေ ကျောက်မျက်လုံးထည့်တာ သင့်တော်ပါသလား။

A. ကျောက်မျက်လုံးထည့်တယ်ဆိုတာ မျက်လုံးကို ခြစ်ထုတ်ပြီး ကြည့်လို့ကောင်းအောင် ကျောက်မျက်လုံး ထည့်လိုက်တာပါ။ အဲဒီလို ကျောက်မျက်လုံး ထည့်လိုက်ရင် မျက်လုံးကို ခြစ်ထုတ်လိုက်တဲ့အတွက်ကြောင့် အလင်းရောင်ကိုတောင် သူက မမြင်နိုင်တော့ပါဘူး။ အစက အလင်းတန်းကို မြင်နိုင်သေးတယ်၊ အနားမှာ လက်လှုပ်ပြတာကို မြင်နိုင်သေးတယ်၊ အနားမှာ လူတစ်ယောက် လာရပ်တာကို မြင်နိုင်ပါသေးတယ်။ ကျောက်မျက်လုံး ထည့်လိုက်တဲ့အတွက် အဲဒီလို ခံစားမှုကိုတောင် သူမရနိုင်တော့ဘူး။ အရင်က အလင်းရောင်ကို သိနေတော့ ဒါက နေ့၊ ဒါက ညဆိုတာ သူခံစားလို့ ရနေပါသေးတယ်။ အဲဒီခံစားမှုနဲ့ သွားလာလှုပ်ရှားလို့ ရပါသေးတယ်။ ဘေးကလူရှိရင် ရှောင်ရမယ်ဆိုတာ သိနေပါသေးတယ်။ အဲဒီခံစားချက်နဲ့ ကျောက်မျက်လုံးကို လဲလို့တော့ မရပါဘူး။

Most Popular

Healthy Life Ad
To Top