Healthy Life Ad
Life Style

တစ်နေ့တာအတွင်း အလုပ်တွင်စေမယ့် လှည့်ကွက် ၁၀

———၊ ငွေကြယ်စင်ယံ ၊———

တစ်နေ့တာကုန်ဆုံးလို့ ညဘက်ရောက်တဲ့အခါ ဒီနေ့ကတော့ ဘာအလုပ်မှ မပြီးလိုက်ပါ့လားဆိုတာမျိုး မဖြစ်စေဖို့နဲ့ အလုပ်တွင်စေဖို့ အောက်ပါလှည့်ကွက် ၁၀ ရပ်ကို သုံးပေးသင့်ပါတယ်။

(၁) နံနက်မှာ ပုံမှန်ထက် ၂ နာရီစောပြီး အိပ်ရာထပါ။

(၂) မနက်ခင်းမှာ တစ်နေ့တာအတွင်း အရေးပါဆုံးအလုပ်ကို လုပ်ဆောင်ပါ။

(၃) သင့်တိုးတက်မှုကိုသာမက ရလဒ်ကိုပါ အလေးထား အာရုံစိုက်ပါ။

(၄) အချိန်အလုံအလောက် မရှိဘူးဆိုပြီး ညည်းညူမနေပါနဲ့။

(၅) တစ်နေ့တာအတွင်း ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အချိန်ရေးဆွဲပြီး ဦးစားပေးလုပ်ရမယ့် အလုပ်ကို အရင်ဆုံးလုပ်ဆောင်ပါ။

(၆) မိနစ်တွေကို အလေးထားပါ၊ နာရီတွေကို အာရုံမစိုက်ပါနဲ့။

(၇) တစ်ချိန်တည်းမှာ အလုပ်များများ စုပြုံလုပ်တာကို ရှောင်ပါ။

(၈) ဦးနှောက်ကို သုံးရတဲ့ အလုပ်တွေကို စိတ်အေးလက်အေးရှိချိန်မှာ လုပ်ဆောင်ပါ။

(၉) ဘာပဲလုပ်လုပ် အပြစ်ကင်းစင်ဖို့ မမျှော်လင့်ပါနဲ့။

(၁၀) တစ်နေ့တာ အချိန်ဇယားထဲမှာ ကိုယ့်အတွက် အားလပ်ချိန်ကို ထည့်ထားပေးပါ။

Most Popular

Healthy Life Ad
To Top