Healthy Life Ad
Humour

အနားယူပါရှင်

သေဆုံးခါနီး အမျိုးသားက ဇနီးသည်ကို ပြောတယ်။

“မိန်းမရယ် . . ငါမသေခင် ငါ့အပြစ်တွေ မင်းကို ဝန်ခံခဲ့ချင်တယ်”

“အို . . ဒါတွေမပြောပါနဲ့တော့ရှင် . . အခုရှင် အနားယူပါ”

“မဟုတ်ဘူး . . ငါပြောခဲ့မှဖြစ်မယ်.. ငါလေ မင်းညီမ၊ ပြီးတော့ မင်းအချစ်ဆုံးသူငယ်ချင်း၊ ပြီးတော့ မင်းအချစ်ဆုံးသူငယ်ချင်းရဲ့ သူငယ်ချင်း . . တွေနဲ့ အိပ်ခဲ့မိတယ်”

“အို . . မပြောပါနဲ့ဆို၊ ကျွန်မသိတယ်၊ ကျွန်မသိတယ် . . အခု ရှင်အနားယူပါတော့ . . ဒါမှ အဆိပ်တွေက မြန်မြန်အာနိသင်ပြနိုင်မှာ”

Most Popular

Healthy Life Ad
To Top