Healthy Life Ad
Health Tips

လေပွနေသလား…

လေပွတဲ့အခါ လေထိုးတာ၊ ဗိုက်အောင့်တာ၊ ချွေးပြန်တာ စတဲ့ ခံစားချက်အစုံအလင်နဲ့ နေလို့ထိုင်လို့ မကောင်းတတ်ပါဘူး။ အဲဒီအချိန်မှာ အမြန်ဆုံး သက်သာရာရအောင် ဘယ်လို အိမ်တွင်းနည်းလမ်းတွေကို သုံးသင့်သလဲဆိုတာ သိနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

အိမ်တွင်းကုထုံးများ

ရေသောက်ပါ၊ ရေသောက်ပါ

ရေအလုံအလောက် မသောက်တဲ့အခါ ခန္ဓာကိုယ်က ဆီးသွားတဲ့ပမာဏ လျော့ကျစေတဲ့ ဟော်မုန်းတစ်မျိုး ထွက်ရှိပါတယ်။ ဒါ့အပြင် လေပွချိန်မှာ ရေသောက်တာကြောင့် ဝေဒနာသက်သာစေပါတယ်။

ဆားလျှော့ပါ

တချို့လူတွေက ဆား(ဆိုဒီယမ်)ကို တုန့်ပြန်လွယ်တတ်တာကြောင့် ရေစုပ်ယူမှုများကာ ဗိုက်တင်းနေတတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဆားကိုရှောင်ပြီး ရေသောက်ပေးပါ။

ဆီးသွားအောင် လှုံ့ဆော်သည့် အစားအသောက်များစားပါ

သခွားသီး၊ ကညွတ်၊ တရုတ်နံနံပင်၊ ခရမ်းသီး စတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ နံနံပင်၊ နံနံစေ့၊ သစ်ကြံပိုးခေါက်တို့လို ဟင်းခတ်အမွှေးအကြိုင်တွေမှာ သဘာဝဆီးသွားစေတဲ့ အစွမ်းရှိပါတယ်။ ရေဓာတ်ပါဝင်မှုများပြီး ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုများတဲ့ ဒီအစားအသောက်တွေဟာ ကိုယ်တွင်းရေဓာတ်ကို ဟန်ချက်ညီမျှစေပါတယ်။

ဆီးသွားစေသည့် အစားအသောက်များ စားပါ

ခရမ်ဘယ်ရီသီးဖျော်ရည်နဲ့ လက်ဖက်စိမ်းရေနွေးကြမ်း၊ လက်ဖက်ရည်ကြမ်း၊ ချမိုမိုင်းရေနွေးကြမ်းတို့လို ရေနွေးကြမ်းတွေက သဘာဝဆီးသွားစေတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဒီအစာတွေထဲမှာ ရေဓာတ်ပါဝင်မှုများပြီး ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါတဲ့ သတ္တုဓာတ်တွေက ကိုယ်တွင်းရေဓာတ်ဟန်ချက်ကို ကောင်းမွန်စေပါတယ်။

ကာဗိုဟိုက်ဒရိတ်ကို ဖြတ်ပါ

ခေါက်ဆွဲ၊ ပေါင်မုန့်တို့လို ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို လျှော့စားပြီး အဆီနည်းပရိုတင်းနဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပါ။ အပိုကာဗိုဟိုက်ဒရိတ်တွေက လေပွတာကို ပိုဆိုးစေပါတယ်။

Most Popular

Healthy Life Ad
To Top