Healthy Life Ad
Health Tips

အိမ်စိုက်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများက အရသာပိုရှိပြီး ကျန်းမာရေးနှင့် ပိုညီညွတ်

———၊ ကိုထက် ၊———

အိမ်မှာစိုက်ပျိုးထားတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက စူပါမားကတ်တွေမှာ ရောင်းချတဲ့ သစ်သီးဝလံတွေထက် အရသာပိုရှိရုံမက ကျန်းမာရေးနဲ့ ညီညွတ်မှုလည်း ပိုမိုရှိကြောင်း သိပ္ပံပညာရှင်တို့က သက်သေပြခဲ့ကြပါတယ်။

ကူးဥယျာဉ်ခြံမြေမှ ကျွမ်းကျင်သူတို့ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ အိမ်စိုက်ခရမ်းချဉ်သီးက ရောင်းချတဲ့ ခရမ်းချဉ်သီးတွေထက် ပိုချိုမြိန်ပြီး ကျန်းမာရေးကောင်းစေတဲ့ အာဟာရဓာတ်တွေ ပိုမိုပါဝင်မှုရှိကြောင်း သိရပါတယ်။ အိမ်စိုက် ခရမ်းချဉ်သီးတွေထဲမှာ သဘာဝသကြားဓာတ်တွေ၊ အင်တီအောက်ဆီးဒင့်နဲ့ ဖီနောလို့ခေါ်တဲ့ အာဟာရဒြပ်ပေါင်းတွေ ပါဝင်မှုမြင့်မားကြောင်း ဘီဘီစီရှိုးပွဲတစ်ခုမှာ သက်သေပြထားပါတယ်။ ရောင်းချဖို့ စိုက်ပျိုးတဲ့ ခရမ်းချဉ်သီးတွေက စောစောသီးပွင့်ဖို့နဲ့ ကြာရှည်ခံဖို့ ပိုးသတ်ဆေးတွေ သုံးထားတာကြောင့် ခရမ်းချဉ်သီးရဲ့ အရသာနဲ့ အာဟာရတန်ဖိုးကို ထိခိုက်စေနိုင်ကြောင်း ကူးဥယျာဉ်ခြံမြေမှ ပါမောက္ခမောနစ်က ဆိုပါတယ်။

“အိမ်စိုက် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားတာကြောင့် ရောဂါကုသနိုင်ရုံသာမက ပိုမိုကျန်းမာတဲ့ ဘဝမှာ နေထိုင်နိုင်စေပါတယ်။ အကြောင်းကတော့ လတ်ဆတ်ပြီး ဓာတုပစ္စည်းကင်းစင်ကာ အင်တီအောက်ဆီးဒင့် ပါဝင်လို့ ဖြစ်ပါတယ်”လို့ ပါမောက္ခမောနစ်က ပြောကြားခဲ့ပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top