Healthy Life Ad
Health Tips

ပဲလင်းမြွေသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

———၊ ငွေကြယ်စင်ယံ ၊———

ပဲလင်းမြွေသီးအရည်နဲ့ အရွက်ဟာ တချို့ကျန်းမာရေးပြဿနာတွေကို ကုသရာမှာ အသုံးဝင်သလို ပဲလင်းမြွေသီးမှာလည်း အောက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။

ပါဝင်သော အာဟာရဓာတ်များ

ပဲလင်းမြွေသီးမှာ အရေးကြီးတဲ့ စိုထိုင်းဆနဲ့ ပရိုတင်းအနည်းငယ်၊ အမျှင်ဓာတ်၊ အဆီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်နေပါတယ်။ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေက ကယ်လ်စီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ်၊ ကာရိုတင်း၊ သိုင်ယာမင်း၊ ရိုင်ဘိုဖလေဘင်နဲ့ နိုင်ယာစင်တို့ ဖြစ်ကြပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူးများ

• ပဲလင်းမြွေသီးမှာ ရေဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်ကို အေးမြစေတဲ့ အာနိသင်ရှိပြီး နွေအပူကို အံတုနိုင်စွမ်း ရှိပါတယ်။

• ရေဓာတ်ပါဝင်တာကြောင့် ပဲလင်းမြွေသီးဟာ ကယ်လိုရီပါဝင်မှု လျော့နည်းပြီး အဆီဓာတ်ကင်းပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

• ပဲလင်းမြွေသီးမှာ အမျှင်ဓာတ်အများအပြား ပါဝင်တာကြောင့် အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်။ အမျှင်ဓာတ်ဟာ ဆီးချိုရောဂါရှိသူတွေကို ကျန်းမာစေပါတယ်။

• ပဲလင်းမြွေသီးမှာ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တို့လို သတ္တုဓာတ်ကောင်းကောင်း ပါဝင်ပါတယ်။

• ပဲလင်းမြွေသီးဟာ ခန္ဓာကိုယ်ထဲမှာ အရည်ထွက်ရှိမှု အားကောင်းစေပြီး အသားအရေခြောက်သွေ့မှု ကင်းစေပါတယ်။

• ပဲလင်းမြွေသီးအရည်ဟာ ရင်တုန်တာနဲ့ နှလုံးအောင့်တာတို့လို ဝေဒနာတွေကို လျော့ပါးစေတယ်လို့ လေ့လာသူတချို့က ဆိုပါတယ်။

• ပဲလင်းမြွေသီးဟာ အစာကြေညက်စေတဲ့အတွက် ဝမ်းမှန်မှန်သွားစေတဲ့ အစွမ်းရှိပါတယ်။

• ပဲလင်းမြွေသီးဟာ ဝမ်းချုပ်နေတဲ့ ကလေးတွေကို ဝမ်းမှန်မှန်သွားစေတာကြောင့် နံနက်စောစောမှာ ဟင်းလျာအဖြစ် ချက်ကျွေးသင့်ပါတယ်။

• ပဲလင်းမြွေရွက်အရည်ကို ထိပ်ပြောင်တဲ့ အခြေအနေတချို့မှာ အသုံးပြုနိုင်ပါတယ်။

• ပဲလင်းမြွေသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဝမ်းပျော့ပျော့သွားစေတာ၊ ရေငတ်ပြေတာနဲ့ အဖျားသက်သာစေတာတို့ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top