Healthy Life Ad
News

အောက်စ်ဖို့ဒ်က စမ်းသပ်ထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက လူ့ကိုယ်ခံအားကိုတုန့်ပြန်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

အောက်စ်ဖို့ဒ်တက္ကသိုလ်က စမ်းသပ်ထုတ်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးက လူတွေမှာ စမ်းသပ်ခဲ့ရာမှာ လုံခြုံစိတ်ချမှုရှိခဲ့ပြီး ဗိုင်းရပ်စ်တိုက်ထုတ်ရာမှာ လူ့ကိုယ်ခံအားတုံ့ပြန်မှုကိုလည်း အားပေးကြောင်း သိရပါတယ်။

အဲဒီကာကွယ်ဆေးကို လူဦးရေ ၁၀၇၇ ဦးဆီမှာ စမ်းသပ်ထိုးပေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်းနဲ့ တီဆဲလ်တွေကို အားပေးတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
ဒီတွေ့ရှိမှုက များစွာ အလားအလာကောင်းပေမယ့် ကာကွယ်ဆေးက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လုံလောက်တယ်ဆိုတာသိဖို့ ပိုကြီးမားတဲ့ စမ်းသပ်မှုတွေ လုပ်ရဦးမှာဖြစ်ပါတယ်။

ယုကေက ဒီကာကွယ်ဆေး သန်း ၁၀ဝ ဝယ်ယူဖို့ လတ်တလောမှာ အမှာစာပို့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ChAdOx1 nCoV-19 လို့ အမည်ရတဲ့ အဆိုပါကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ဆေးက ချင်ပန်ဇီတွေမှာ အအေးမိရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကနေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကို အလွန်အမင်း ပြုပြင်ဖန်တီးထားတာကြောင့် လူတွေမှာ ပိုးဝင်ကူးစက်မှုမဖြစ်စေဘဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပိုတူနေပါတယ်။ အဲ ဒီအတွက် ကိုယ်ခံအားစနစ်က ဒါကို ဘယ်လိုတိုက်ရမလဲဆိုတာ လေ့လာနိုင်ပါတယ်။

ကာကွယ်ဆေးက လုံခြုံစိတ်ချရပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှုမှာ ပါဝင်တဲ့ လူတွေရဲ့ ၇၀ ရာခိုင်နှုန်းက ဖျားတာ ဒါမှမဟုတ် ခေါင်းကိုက်တာလောက် ဖြစ်တယ်လို့ သိရပါတယ်။ ဒီဆိုးကျိုးတွေကို အကိုက်အခဲပျောက်ဆေး ပါရာစီတမောနဲ့ ထိန်းချုပ်နိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။

“ကာကွယ်ဆေးက Covid-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ မသေချာခင် စမ်းသပ်မှုတွေ လုပ်စရာအများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ ဒီအစောပိုင်းရလဒ်တွေက အလားအလာကောင်းပါတယ်”လို့ ယူကေ၊ အောက်စ်ဖို့ဒ်တက္ကသိုလ်က ပါမောက္ခဆာရာဂီလ်ဘာတ်က ဆိုပါတယ်။

ဒီအောင်မြင်မှုဟာ နောက်ထပ်များပြားတဲ့ လူတွေမှာ စမ်းသပ်ဖို့အတွက် ခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ပြီး တကယ်လို့ အောင်မြင်ခဲ့ပါက အချိန်တိုအတွင်း ပမာဏများပြားတဲ့ ကာကွယ်ဆေးတွေကို ထုတ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

(Ref;BBC 20-7- 2020)

Most Popular

Healthy Life Ad
To Top