Healthy Life Ad
Health Tips

၁၅ မိနစ် လေ့ကျင့်ရုံနဲ့ ကိုယ်နေဟန်ထား စမတ်ကျကြည့်ကောင်းစေမယ့် အလွယ်နည်းသုံးသွယ်

———၊ ငွေကြယ်စင်ယံ ၊———

အချိန် ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်လိုက်ရုံနဲ့ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားကို မရနိုင်ပါဘူး။ ဒါပေမဲ့ နေ့တိုင်း ၁၅ မိနစ်အချိန်ပေးပြီး အလေးမတာနဲ့ အကြောဆွဲဆန့်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးရင် ကိုယ်နေဟန်ထားကို စမတ်ကျလှပစေပါတယ်။

(၁) မှန်ကြည့်ပြီး လေ့ကျင့်ပါ

ပခုံးတွေကို လေးထောင့်ကျအောင်ထားပြီး မှန်ရှေ့မှာ မတ်တတ်ရပ်ပေးပါ။ ရင်ဘတ်ကို မြှင့်ထားပြီး မေးစေ့ကို အနည်းငယ်ချွန်ထားကာ ဦးခေါင်းကို ပခုံးပေါ်မှာ မတ်နေပါစေ။ ဝမ်းဗိုက်ကို ရှပ်ထားပြီး ဒူးတွေကို ဖြေလျှော့ထားလိုက်ပါ။ ဒီအနေအထားအတိုင်းဆိုရင် သင့်အနေနဲ့ ကြည့်ကောင်းသလို စိတ်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။

(၂) နံရံတစ်ခုရှေ့တွင် လေ့ကျင့်ပါ

နံရံရှေ့မှာ ကျောပေးပြီး မတ်မတ်ရပ်ပါ။ ခြေဖနောင့်တွေကို နံရံနဲ့ ခြောက်လက်မအကွာ ချဲထားပြီး ခေါင်း၊ ပခုံး စတာတွေက နံရံနဲ့ထိနေပါစေ။ ကျောပြင်ရှိ ကွေးနေတဲ့နေရာ ဖြောင့်တန်းစေဖို့ ဝမ်းဗိုက်ကိုချပ်ရပ်ထားပါ။ သင့်နောက်ကျောနဲ့ နံရံကြားအကွာအဝေးက နေရာလွတ်အနည်းငယ်ပဲ ရှိသင့်ပါတယ်။

(၃) ကုလားထိုင်ပေါ် ထိုင်ပါ

ကုလားထိုင်ပေါ် ထိုင်တဲ့အခါ ခြေဖဝါးကို ကြမ်းပြင် ဒါမှမဟုတ် ခုံပုတစ်လုံးပေါ်တင်ပြီး ဒူးဟာ တင်ပါးနဲ့ တစ်တန်းတည်းရှိပါစေ။ ဦးခေါင်းက မျက်နှာကျက်ဆီကို ဦးတည်ပြီး မေးစေ့ကို အနည်းငယ်မြှင့်ထားပါ။ နောက်ကျောက သက်သောင့်သက်သာရှိစေဖို့ ခေါင်းအုံးတစ်လုံးကို ခုထားပေးပါ။

Most Popular

Healthy Life Ad
To Top