Healthy Life Ad
Health Tips

အသက် ၁၁၄ နှစ်အရွယ် အဘိုးမျှဝေထားသည့် သူ့ကိုအသက်ရှည်စေသော အစာငါးမျိုးအကြောင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ဒီနေ့ခေတ်မှာ ပျမ်းမျှလူ့သက်တမ်းဟာ ၇၂ နှစ်ဝန်းကျင်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ ကျန်းမာခြင်းနဲ့ အိုမင်းခြင်းဖြစ်စဉ်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်တတ်သလဲဆိုတာ လေ့လာမှုတွေပြုလုပ်ရင်း အသက် ၁၁၄ နှစ်အထိ အသက်ရှင်နေထိုင်ခဲ့တဲ့ အဘိုးဘာနန်ဒိုရဲ့ လျှို့ဝှက်ချက်တွေကို မျှဝေပေးလိုက်ရပါတယ်။

အဘိုးဘာနန်ဒိုလာပေါ်လိုကို ၁၉၀၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာကြောင့် ၁၁၄ နှစ်အထိ အသက်ရှင်ခဲ့သူပါ။ သူက ကျန်းမာရေးနဲ့အညီ စားသောက်ခဲ့တာကြောင့် အသက်ရှည်ရတာလို့ ဆိုပါတယ်။ “ငယ်ရွယ်ချိန်မှာ ဘယ်လိုနေထိုင်စားသောက်သင့်သလဲဆိုပြီး လူတွေက အဘိုးကို မေးလေ့ရှိပါတယ်။ ကိုယ်စားသလို ကိုယ်ဖြစ်တာဆိုပြီး အဘိုးက အမြဲပြောတတ်ပါတယ်”လို့ ဘာနန်ဒိုက ဆိုပါတယ်။

သူနေ့စဉ်စားသမျှ အစားအသောက်ထဲမှာ သြဂဲနစ်ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေအများအပြား ပါဝင်ပါတယ်။ ဒါပေမဲ့ အောက်ပါအထူးအစားအသောက် ငါးမျိုးကတော့ အဓိကပါဝင်ပစ္စည်းတွေ ဖြစ်ပါသတဲ့။

alignnone size-medium wp-image-57226
(၁) ဟင်းခတ်အမွှေးအကြိုင်တို့၏ဘုရင်- သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်က အရသာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ရုံသာမက အစွမ်းထက် ဆေးဖက်ဝင်အစွမ်းလည်း ရှိပါတယ်။ ကင်ဆာ၊ နှလုံးရောဂါနဲ့ ဘက်တီးရီးယား/ဖန်းဂတ်စ်မှိုပိုးဝင်တာတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် HIV ပိုးတွန်းလှန်ရာမှာလည်း ကူညီနိုင်ပါတယ်။

alignnone size-medium wp-image-57227
(၂) ကောင်းကင်ဘုံမှလက်ဆောင်- ချောကလက်

ချောကလက်စားတာက ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ချောကလက်မှာ သွေးတွင်းကိုလက်စထရော ကျစေခြင်းကနေ တွေးခေါ်နိုင်စွမ်း လျော့ကျခြင်းအထိမဖြစ်အောင် ကာကွယ်နိုင်ပြီး စိတ်ဖိစီးမှုကို ကျော်လွှားနိုင်စေတဲ့ အစွမ်းရှိပါတယ်။

alignnone size-medium wp-image-57228
(၃) သဘာဝပဋိဇီဝပိုးသတ်ဆေး- ကြက်သွန်ဖြူ

ကြက်သွန်ဖြူက အယ်လ်ဇိုင်းမားရောဂါနဲ့ သူငယ်ပြန်ရောဂါတို့မဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေကာ ကိုယ်တွင်းအဆိပ်အတောက်
alignnone size-medium wp-image-57229
သန့်စင်စေပါတယ်။ ဒါ့အပြင် နာမကျန်းမှုအမျိုးမျိုးကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

alignnone size-medium wp-image-57230
(၄) ရောဂါအားလုံးအတွက် အိမ်တွင်းပစ္စည်း- ပျားရည်

ပျားရည်ကို လွန်ခဲ့သော နှစ်ငါးထောင်ကျော်ကတည်းက ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ပျားရည်မှာ သဘာဝအနာကျက်အစွမ်းရှိပြီး ပိုးသတ်စေခြင်း၊ အင်တီအောက်ဆီးဒင့်အစွမ်း ရှိစေခြင်းနဲ့ ဘက်တီးရီးယားပိုးသေစေခြင်း စတဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်စေပါတယ်။ ဒါ့အပြင် အသားအရေ အလှအပကိုလည်း ပံ့ပိုးပေးပါတယ်။

alignnone size-medium wp-image-57231
(၅) အသက်သခင် အဆီ- သံလွင်ဆီ

သံလွင်ဆီစစ်စစ်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မိုနိုမပြည့်ဝဆီပါဝင်တာကြောင့် ဦးနှောက်နဲ့ နှလုံးကို ကျန်းမာစေပါတယ်။ သံလွင်ဆီမှာ အင်တီအောက်ဆီးဒင့် ပါဝင်တာကြောင့် ဦးနှောက်လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတို့ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

အဘိုးအကြောင်း

အဘိုးဘာနန်ဒိုက သူ့ဘဝမှာ တစ်ကြိမ်တစ်ခါမှ မဖျားခဲ့ဖူးဘူးလို့ ဆိုပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ အစာငါးမျိုးကို အဓိက ထည့်သွင်းစားတဲ့အပြင် သူ့ဖခင်ရဲ့ အကြံပြုချက်ကိုလည်း လိုက်နာခဲ့ပါသတဲ့။

“အဖေက အနီရောင်အသားကို မစားဖို့ ပြောခဲ့တာကြောင့် ဘယ်တော့မှ မစားခဲ့ပါဘူး။ ဟော့ဒေါ့၊ အာလူးချောင်းကြော်လို သရေစာတွေလည်း မစားခဲ့ပါဘူး”

မနက်တိုင်း လမ်းလျှောက်ခြင်း၊ ချက်ကစားခြင်း၊ ဆုဒိုကုကစားခြင်း စတာတွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အကျင့်တွေကိုလည်း လိုက်နာခဲ့ပြီး စိတ်ကိုကြည်လင်အောင်ထားတာနဲ့ တက်တက်ကြွကြွ နေထိုင်တာတို့ကို လုပ်ဆောင်တယ်လို့ အဘိုးဘာနန်ဒိုက ဆိုပါတယ်။

alignnone size-medium wp-image-57232

“အသက်ရှစ်နှစ်ကတည်းက အဖေပြောခဲ့တဲ့ စကားတိုင်းကို အဘိုးမှတ်မိနေတုန်းပဲ”လို့ အဘိုးဘာနန်ဒိုက ဆိုလေ့ရှိပါတယ်။

Most Popular

Healthy Life Ad
To Top