Healthy Life Ad
Health Tips

ဇိမ်ယူလွန်းသည့် ဘဝနေထိုင်မှုပုံစံကြောင့် ဝစေရုံသာမက ဦးနှောက်ကျုံ့စေနိုင်

———၊ ကိုထက် ၊———

ဇိမ်ကျကျနေတတ်တဲ့ သူတွေက ခါးတုတ်ပြီး အဝလွန်ရုံသာမက ဦးနှောက်ကိုပါ ကျုံ့စေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

အသက် ၄၀ အရွယ်မှာ သန်စွမ်းကြံ့ခိုင်မှုမရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ အသက် ၆၀ အရွယ် ရောက်ချိန်မှာ ဦးနှောက်ရှိ အစိတ်အပိုင်းတစ်ခု Grey Matter ငယ်သွားကြောင်းနဲ့ သက်လတ်ပိုင်းအရွယ်မှာ ကြံ့ခိုင်သန်စွမ်းမှု ရှိသူတွေက ဦးနှောက်နုပျိုကျန်းမာနေကြကြောင်း လေ့လာမှုအရ သိရပါတယ်။

ဘော့စတွန်တက္ကသိုလ် လေ့လာမှုအရ အရွယ်ရောက်သူဦးရေ ၁၂၀ဝ ကျော်ရဲ့ ခန္ဓာကိုယ်သန်စွမ်းကြံ့ခိုင်မှုနဲ့ ဦးနှောက်ကျန်းမာရေးအကြောင်းကို ဆယ်စုနှစ်နှစ်ခုကြာ လေ့လာခဲ့ရာ ကြံ့ခိုင်သန်စွမ်းမှု မရှိသူတွေက နှလုံးခုန်နှုန်း မြန်ဆန်ပြီး သွေးတိုးကာ ဦးနှောက်ထိခိုက်မှု ဖြစ်ရတယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

“ဦးနှောက်ထဲက သွေးကြောငယ်တွေဟာ သွေးဖိအားအတက်အကျပေါ် မူတည်ပြီး ထိခိုက်နိုင်ပါတယ်။ ဦးနှောက်ထဲမှာ သွေးကြောထိခိုက်မှု ဖြစ်တဲ့အတွက် ဦးနှောက်တည်ဆောက်ပုံ ပြောင်းလဲပြီး တွေးခေါ်နိုင်စွမ်းအား လျော့ကျသွားပါတယ်” လို့ လေ့လာသူ ဒေါက်တာစပါတန်နိုက ဆိုပါတယ်။

အသက် ၄၀ အရွယ်မှာ ကြံ့ခိုင်သန်စွမ်းမှု မရှိသူတွေက အသက်ကြီးချိန်မှာ သူငယ်ပြန်မှတ်ဉာဏ် လျော့နည်းရောဂါ ဖြစ်နိုင်ခြေမြင့်မားကြောင်း လေ့လာသူတို့က ဆိုပါတယ်။
ပုံမှန် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်တာက ဦးနှောက်ကြီးထွားစေနိုင်ကြောင်း လေ့လာမှုအရ သိရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top