Healthy Life Ad
Health Tips

အကြားအာရုံကောင်းစေမည့် အစာငါးမျိုး

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ပုံမှန် တခြားသူတွေကြားတဲ့ စကားသံကို ကိုယ်က ကြားနေရရင်၊ စကားဝိုင်းတစ်ခုမှာ ပြောသံကို ကိုယ်ကကြားနေရရင် အကြားအာရုံပုံမှန်ဆိုပေမယ့် တစ်ခါတလေ အကြားအာရုံသိပ်မကောင်းတာ၊ နားကြားနိုင်စွမ်း လျော့တာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အကြားအာရုံကို အကောင်းဆုံး အကျိုးဖြစ်စေဖို့ အောက်ပါအစာတွေကို စားပေးသင့်ပါတယ်။

(၁) ငှက်ပျောသီး

ငှက်ပျောသီးစားတာက သွေးတိုးတာကို တွန်းလှန်ပေးနိုင်ရုံသာမက နားအတွင်းအပါအဝင် ကိုယ်တွင်းအရည်ကိုလည်း ဟန်ချက်ညီမျှစေပါတယ်။ ဒါကြောင့် အကြားအာရုံကောင်းအောင် ငှက်ပျောသီး စားပေးသင့်တာ ဖြစ်ပါတယ်။

(၂) ကန်စွန်းဥ

ကန်စွန်းဥစားတိုင်း ပိုတက်စီယမ်ဓာတ် အလုံအလောက် ရရှိနိုင်တာကြောင့် အကြားအာရုံကို ထိန်းသိမ်းပေးနိုင်တာပါ။ ပိုတက်စီယမ် ပါဝင်မှုများတဲ့ တခြားအစားအစာတွေကတော့ ဒိန်ချဉ်၊ ပေါင်မုန့်ဖြူ၊ ကြက်ရင်ပုံသား၊ တူနာငါးနဲ့ Pistachios အစေ့အဆန်တွေ ဖြစ်ကြပါတယ်။

(၃) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ပိုတက်စီယမ်အပြင် ဖောလိတ်ဓာတ်ပါဝင်တာကြောင့် နားအကြားအာရုံအတွက် သင့်တော်ပါတယ်။ ဗီတာမင်ဘီ ၉ ပါတဲ့အတွက် နားအူတာကိုလည်း သက်သာစေပါတယ်။

(၄) အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်

နားအူတာကို တွန်းလှန်ပေးနိုင်မယ့် ဖောလိတ်ဓာတ်ရရှိစေဖို့ ကိုက်လန်၊ ဟင်းနုနယ်ရွက်၊ ကညွတ် စတာတွေပါတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။ ပဲနီလေးနဲ့ ကုလားပဲလို ပဲတွေစားတာကလည်း နားကျန်းမာရေးအတွက် သင့်တော်ပါတယ်။

(၅) ပဲအမျိုးမျိုးနှင့် အခွံမာအစေ့အဆန်

ပဲအမျိုးမျိုးနဲ့ အခွံမာအစေ့အဆန်မှာ မဂ္ဂနီဆီယမ်ဓာတ် ပါဝင်တာကြောင့် နားအကြားအာရုံ ထိခိုက်မှုကို တွန်းလှန်ပေးနိုင်ပါတယ်။ အခွံမာအစေ့အဆန် စားတဲ့အခါ ဆားများတာကို ဆင်ခြင်ရပါတယ်။

(၆) ကောက်နှံတစ်ခုလုံးအစာ

အုတ်ဂျုံမှုန့်၊ ပေါင်မုန့်ညိုနဲ့ ဆန်လုံးညိုမှာ ဇင့်(သွပ်)ဓာတ် ပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး နားတွင်းပိုးဝင်မှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် အကြားအာရုံ ဆုံးရှုံးမှုမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၇) ပင်လယ်စာ

ကမာကောင်၊ ဂဏန်းနဲ့ ပုဇွန်တွေလို ပင်လယ်စာအမျိုးမျိုး စားတာကြောင့် ဇင့်(သွပ်)ဓာတ် ရရှိစေပြီး နားတွင်းကူးစက်ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဟင်းနုနယ်ရွက်၊ ဝက်သား၊ ကြက်သား၊ မှို၊ ပဲတွေမှာလည်း ဇင့်ဓာတ်ပါဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top