Healthy Life Ad
Q & A

ဆီးချိုရှိသူက ဘယ်လိုအားဆေး သောက်သင့်ပါသလဲ

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–
Q. ကျွန်မ ဆီးချိုရောဂါရှိပါတယ်။ အားဆေးသောက်ချင်လို့ပါ။ ဘယ်လိုအားဆေးကို ရွေးချယ်သောက်သင့်ပါသလဲ။
Daw lay(FB)

A. အားဆေးဆိုတဲ့နေရာမှာ မာလ်တီဗီတာမင်လို့ ခေါ်ပါတယ်။ မာလ်တီဗီတာမင်ရဲ့ သဘောက ချို့တဲ့တဲ့သူတွေအတွက် အကျိုးရှိပါတယ်။ ဒါတွေက သဘာဝအားဖြင့် အသီးအရွက်၊ အသီးအနှံတွေထဲမှာ ပါဝင်ပါတယ်။ အသီးအရွက်၊ အသီးအနှံတွေကို ပုံမှန်စားနေတဲ့သူတွေဆိုရင်တော့ အားဆေးလိုအပ်မှုက နည်းနိုင်ပါတယ်။ အသီးအရွက်၊ အသီးအနှံ မစားဖြစ်တဲ့သူတွေဆိုရင်တော့ မာလ်တီဗီတာမင်အစုံပါတဲ့ အားဆေးမျိုး ရွေးချယ်မှီဝဲနိုင်ပါတယ်။ အခုနောက်ပိုင်းမှာ အစားအသောက်တွေက ပြုပြင်ထားတာတွေ ဖြစ်လာတဲ့အခါ ဇင့်၊ မဂ္ဂနီဆီယမ်တို့လို တချို့သတ္တုဓာတ်လေးတွေ အားနည်းတာမျိုး တွေ့ရတဲ့အတွက် ဒီလိုသတ္တုဓာတ်ပါတဲ့ အားဆေးမျိုး ရွေးချယ်မယ်ဆိုရင် ပိုကောင်းပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်နေတဲ့သူတွေမှာ နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင်က ဗီတာမင်ဘီနဲ့ စီဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်ဘီနဲ့စီပါတဲ့ အားဆေး ဒါမှမဟုတ် ဗီတာမင်မျိုးစုံပါတဲ့ အားဆေးတစ်မျိုးသောက်ရင် လုံလောက်ပြီလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top