Healthy Life Ad
Health Tips

ပူလွန်းသည့် မော်တော်ဆိုင်ကယ်ထိုင်ခုံတွင် ထိုင်စီးသည့် အမျိုးသားများ သုက်ပိုးထိခိုက်ပြီး မျိုးအောင်နိုင်စွမ်းကျစေနိုင်

———၊ ကိုထက် ၊———

အချိန်ကြာကြာ ဆိုင်ကယ်စီးပြီး ပူတဲ့ထိုင်ခုံပေါ် ထိုင်စီးရတဲ့ အမျိုးသားတွေက ဝှေးစေ့မှာ မကောင်းတဲ့ သက်ရောက်မှုဖြစ်စေပြီး သုက်ပိုးတွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းကို လျော့ကျစေပါတယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ မျိုးအောင်နိုင်စွမ်း ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။

အွန်လိုင်းအရောင်းကုမ္ပဏီရဲ့ ပို့ဆောင်ရေးအလုပ်လုပ်သူ မစ္စနာဟိုအန်းက မော်တော်ဆိုင်ကယ်နဲ့ ပို့ဆောင်ရေးအလုပ်ကို လုပ်ရသူဖြစ်ပါတယ်။ “စားသုံးသူတွေဆီ ကုန်ပစ္စည်းတွေ ပို့ဆောင်ရတဲ့အချိန်တိုင်း နေပူထဲရပ်ထားတဲ့ ဆိုင်ကယ်ထိုင်ခုံပေါ်ထိုင်ပြီး မောင်းပို့ရတာ မသက်မသာ ဖြစ်ရပါတယ်”လို့ဆိုပြီး လက်ထပ်ပြီး နှစ်နှစ်ကြာတဲ့အထိ သားသမီးမရသေးလို့ အလုပ်ပြောင်းဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

နေ့စဉ်ပုံမှန်ဆိုသလို မြင့်မားတဲ့အပူချိန်မှာ ထိုင်ရတာက သုက်ကောင်အရည်အသွေးကို ထိခိုက်စေတယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။

မော်တော်ဆိုင်ကယ်ထိုင်ခုံက ပူလွန်းတဲ့အခါ ထိုင်လိုက်ရင် ဝှေးစေ့တဝိုက်ပူလာပြီး သုက်ပိုးထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိစေတယ်လို့ သိရပါတယ်။

ပူပြင်းတဲ့ ဆိုင်ကယ်ထိုင်ခုံပေါ် ထိုင်စီးရသူတွေက တင်းကျပ်လွန်းတဲ့ အတွင်းခံဘောင်းဘီ မဝတ်သင့်ပါဘူး။ အိမ်မှာဆိုရင် ချောင်ချိတဲ့ ဘောင်းဘီပဲ ဝတ်သင့်ပါတယ်။

တင်းကျပ်တဲ့ အတွင်းခံဘောင်းဘီဝတ်တာ၊ ဆိုင်ကယ်ကို နာရီများစွာစီးတာ၊ ပေါင်ပေါ်မှာ လက်ပ်တော့ကွန်ပျူတာတင်တာ၊ ချွေးထုတ်ခန်းထဲမှာ နေတာတွေက ဝှေးစေ့ကို ပူစေပြီး သုက်ကောင်တွေကို အားနည်းစေနိုင်ပါတယ်။ ဒါ့အပြင် အရက်သောက်တာ၊ ဆေးလိပ်သောက်တာနဲ့ ညဉ့်နက်တဲ့အထိ နေတာတွေလို မကောင်းတဲ့ အမူအကျင့်တွေကလည်း သုက်ပိုးကျန်းမာရေး ထိခိုက်စေလို့ ဆင်ခြင်ရမယ့် အကျင့်တွေ ဖြစ်ကြပါတယ်။

(Ref;freedy.com 4-3-19)

Most Popular

Healthy Life Ad
To Top