Healthy Life Ad
Q & A

အိပ်ချိန်နည်းတဲ့သူတွေ ပိုဝပါသလား . . .

———၊ အထွေထွေအထူးကု ဆရာဝန်ကြီးတစ်ဦး ဖြေကြားသည်။ ၊———

Q. အိပ်ချိန်မမှန်ဘဲ အိပ်ချိန်နည်းတဲ့သူတွေဟာ သာမန်လူတွေထက် ပိုဝလွယ်တယ်ဆိုတာ ဟုတ်ပါသလား။ စားတာက အသားဖြစ်သလား၊ အားဖြစ်သလား ဘယ်လိုပုံစံမျိုးနဲ့စာရင် ကျန်းမာရေးကို ထိခိုက်စေပြီး ခန္ဓာကိုယ်ကို ပိုဝစေပါသလဲဆရာ။
Hnin (FB)

A. အတိအကျ ပြောဖို့ခက်ပါတယ်။ ဝတဲ့ အဓိကအကြောင်းရင်းက ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရထက် ပိုစားတာကြောင့်၊ ပိုနေတဲ့ အာဟာရတွေက ခန္ဓာကိုယ်ထဲ သိုလှောင်ထားတာကြောင့် ဝတာပါ။ အိပ်ချိန်မမှန်တဲ့ လူချင်းအတူတူ အစားအသောက် အများကြီးစားတဲ့သူကသာ ပိုဝနိုင်တာပါ။ ပုံသေပြောလို့တော့ မရဘူး။ တချို့လေ့လာမှုတွေအရတော့ အိပ်ချိန်နည်းရင် ခန္ဓာကိုယ်ထဲက စားချင်တဲ့ဆန္ဒ (Appetize)က ပိုအလုပ်လုပ်တယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ အအိပ်ပျက်၊ အစားပျက်ဖြစ်ရင်တော့ ဝလာမှာ မဟုတ်ပါဘူး။ လူတစ်ယောက်က အသက်ရှင်ဖို့အတွက် အစာစားရပါတယ်။ စားတဲ့အခါ စားတဲ့ပမာဏက ကိုယ်လုပ်တဲ့ အလုပ်အကိုင်၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေပေါ် မူတည်ပြီး စားသင့်ပါတယ်။ လိုအပ်တဲ့ အာဟာရကို လိုအပ်သလောက် စားပေးရင် အင်အားဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကြွက်သားတွေပါ ဖြစ်လာတတ်တယ်။ လိုအပ်တာထက် ပိုစားရင်တော့ လှုပ်လှုပ်ရှားရှားမရှိရင် အသားဖြစ်တာထက် ဗိုက်ရွှဲတာမျိုး၊ ခါးတုတ်တာမျိုး အဆီဖြစ်လာပါတယ်။ လိုတာထက် ပိုစားရင် မစားဘဲနေရင် ကျန်းမာရေးထိခိုက်စေတယ်။ အဆာလည်းမခံနဲ့၊ ဗိုက်တင်းအောင်လည်း မစားပါနဲ့။ အစာကိုလည်း မကြာမကြာ စားပေးပါ။ စားတဲ့အခါ ကြေညက်အောင် စားပေးပါ။

Most Popular

Healthy Life Ad
To Top