Healthy Life Ad
Health Tips

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း အခမဲ့ ကင်ဆာဆေးသွင်းဝန်ဆောင်မှုကို ပန်းလှိုင်စီလုံဆေးရုံတွင် ဆောင်ရွက်ပေးနေ

———-၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊————

ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း အခမဲ့ ကင်ဆာဆေးသွင်းဝန်ဆောင်မှုကို ပန်းလှိုင်စီလုံဆေးရုံတွင် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့ နေ့လယ် ၂-၄ နာရီအချိန်၌ ပြင်ပလူနာကြည့်ရှု၍ ဆောင်ရွက်ပေးနေကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

ဆေးသွင်းကိစ္စတွေအတွက် ဖုန်းဆက်ပြီး ကြိုတင်ရက်ချိန်းရယူရပါမယ်။ ရက်ချိန်းရတဲ့သူတွေက ပြင်ပလူနာအနေနဲ့ ပန်းလှိုင်စီလုံဆေးရုံကို လာပြရပါမယ်။ အခုလောလောဆယ်မှာ လူနာအရေအတွက် ကန့်သတ်ပြီး ကြည့်ပေးနေတာဖြစ်လို့ စနေနဲ့ အင်္ဂါ နေ့လယ် ၂ နာရီနဲ့ ၄ နာရီကြားမှာပဲ ဖုန်းဆက်ပြီး ကြိုတင်ရက်ချိန်း ရယူရပါမယ်။ ဖုန်းမဆက်ဘဲ ဆေးရုံကိုသွားရင် အခက်အခဲရှိနိုင်ပါတယ်။ အချိန်အပြောင်းအလဲ၊ ရက်အပြောင်းအလဲတွေလည်း ရှိနိုင်တဲ့အတွက် ကြိုတင်ရက်ချိန်းမယူဘဲ ဆေးရုံလာပြတဲ့သူတွေကိုတော့ တာဝန်မယူပါဘူး”ဟု ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောသည်။

ကြိုတင်ရက်ချိန်းရယူရန် ဆက်သွယ်ရမည့် နေ့ရက်များမှာ စနေနေ့နှင့် အင်္ဂါနေ့၊ နေ့လယ် ၂ နာရီနှင့် ၄ နာရီကြားအချိန်ဖြစ်ပြီး ဖောင်ဒေးရှင်းအထွေထွေ အတွင်းရေးမှူး ဖုန်း-ဝ၉ ၂၅၀၅၀၇၀၈၄၊ အမှုဆောင်သူနာပြု ဆရာမကြီး ရုံးဖုန်း ဝ၉ ၇၈ ၄၀ဝ၉၃၇၈ တို့ကို ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

Most Popular

Healthy Life Ad
To Top