Healthy Life Ad
Life Style

အရှုံးများကြားက အောင်မြင်ခဲ့သူများ

———၊ ငွေကြယ်စင်ယံ ၊———

ရှုံးနိမ့်သော အကြိမ်ရေ = ၁၂ ကြိမ်

ဂျေကေရိုးလင်းက ဟယ်ရီပေါ်တာ စာအုပ်မတိုင်ခင် ထုတ်ဝေသူ ၁၂ ဦးဆီက ငြင်းပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ရှုံးနိမ့်သော အကြိမ်ရေ = ၃၀၂ ကြိမ်

ဒစ်စနေလန်းကို ဖန်တီးနိုင်ဖို့ ငွေကြေးမရခင် ဝေါ့ဒ်ဒစ်စနေးက ၃၀၂ ကြိမ် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါသတဲ့။

ရှုံးနိမ့်သော အကြိမ်ရေ = ၁၀၄ ကြိမ်

အိုင်းစတိုင်းက လေးနှစ်အထိ စကားမပြောခဲ့သလို ခုနှစ်အရွယ်အထိ စာမဖတ်တတ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ နိုဘယ်ဆု ဆွတ်ခူးနိုင်ခဲ့သူပါ။

ပန်းချီကားတစ်ချပ်သာ ရောင်းခဲ့ရ

ဗင်းဆင့်ဗန်ဂိုးက သူ့ဘဝတစ်လျှောက်လုံး ပန်းချီကားတစ်ချပ်ပဲ ရောင်းခဲ့ရပါတယ်။ ဒါတောင် သူ့သူငယ်ချင်းက ဝယ်တာပါ။ ဒါပေမဲ့လည်း သူက တစ်ဘဝလုံး ပန်းချီဆွဲခဲ့သူပါ။ ဒီနေ့ခေတ်မှာတော့ သူရဲ့ဈေးအကြီးဆုံး ပန်းချီကားတန်ဖိုးက ဒေါ်လာ ၁၄၂ သန်းကျော် တန်ဖိုးရှိနေပါတယ်။

ရှုံးနိမ့်သော အကြိမ်ရေ = ၂၇ ကြိမ်

ဒေါက်တာဆပ်ရဲ့ ပထမဆုံးစာအုပ်က ထုတ်လုပ်သူ ၁၇ ဦးဆီက ငြင်းပယ်ခံခဲ့ရပြီးမှ အောင်မြင်သွားတာပါ။

ရှုံးနိမ့်သောအကြိမ်ရေ = ၁၀ဝ၀ဝ ကြိမ်

သောမတ်စ်အယ်ဒီဆင်က “အလုပ်မဖြစ်တဲ့အကြိမ် တစ်သောင်းကို ရှာဖွေ့တယ်ဆိုတာ ရှုံးနိမ့်တာမဟုတ်ပါဘူး”ဆိုပြီး မလျှော့တဲ့ ဇွဲလုံ့လနဲ့ ကြိုးပမ်းရာက နောက်ဆုံးအောင်မြင်မှု ရရှိသွားခဲ့သူပါ။

Most Popular

Healthy Life Ad
To Top