Healthy Life Ad
Q & A

အခြားရောဂါရှိသူအား မျက်စဉ်းဆေးနှင့် မျက်စိကုသဆေးပေးလျှင်

—၊ ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး) ပါမောက္ခ၊ ဌာနမှူး ရန်ကုန်မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—

Q. မျက်စဉ်းဆေးနဲ့ မျက်စိကုသဆေးတွေ ပေးရာမှာ တခြားဆေးကုသမှု ခံယူနေရရင် ဘာကိုသတိထား သင့်ပါသလဲ ဆရာ။

A. မျက်စဉ်းဆေးနဲ့ မျက်စိကုသဆေးတွေ ပေးရာမှာ တခြားဆေးကုသမှု ခံယူနေရရင် သတိထားဖို့ လိုအပ်ပါတယ်။ အခြေခံသဘောတရားအရ ပြောရမယ်ဆိုပါစို့၊ ဥပမာ- ဆေးတစ်မျိုးပေးတော့မယ်ဆိုရင် တခြားဆေးတွေနဲ့ ဆေးချင်းတုန့်ပြန်မှု (Drug Interaction) ရှိတာကြောင့် သူသောက်နေတဲ့ဆေးက အခုပေးမယ့်ဆေးနဲ့ ဓာတ်ပြုပြီး ဒီဆေးနှစ်မျိုးက ပိုအားကောင်းတာ (Synergistic Action) ဖြစ်နိုင်သလား၊ ဆေးတစ်မျိုးနဲ့တစ်မျိုး ဆန့်ကျင်တာ (Antagonist Action) ဖြစ်နိုင်သလားဆိုတာ ချိန်ဆရပါတယ်။

“တခြားရောဂါရှိသူတွေကို မျက်စိကုမယ်ဆိုရင် တခြားရောဂါ ရှိ၊ မရှိကို သိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ လူနာကလည်း ဆရာဝန်ကို အမှန်အတိုင်း ပြောသင့်ပါတယ်။ တချို့လူနာတွေက ပြောဖို့မလိုအပ်ဘူးလို့ ယူဆပြီး မပြောတာမျိုးလည်း ရှိပါတယ်။ မျက်စိက ခန္ဓာကိုယ်နဲ့ သီးသန့်စီလို့ထင်ပြီး ဆီးချိုရောဂါရှိတာ၊ သွေးတိုးရောဂါရှိတာကို ပြောစရာမလိုဘူးလို့ ထင်နေကြပါတယ်။ တကယ်တော့” . . .

ဥပမာ- လူနာက ရေတိမ်ဖြစ်နေတယ်ဆိုရင် ရေတိမ်မှာပေးတဲ့ မျက်စဉ်းဆေး (Beta-Blocker Eye Drop) ပေးပါတယ်။ ပုံမှန်အားဖြင့်ပေးတဲ့ မျက်စဉ်းဆေးက ခန္ဓာကိုယ်ထဲကို မရောက်ပါဘူး။ အလားတူပဲ ခန္ဓာကိုယ်မှာသောက်တဲ့ ဆေးအများစုကလည်း မျက်စိထဲကို မရောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Blood Ocular Barrier ရှိတဲ့အတွက် ရောက်လေ့မရှိတာပါ။ ဒါပေမဲ့ မျက်စဉ်းဆေးပေးတဲ့အခါ နှာခေါင်းကနေ Nasal Mucosa ထဲကိုရောက်ပြီး သွေးကြောထဲကို ရောက်ပါတယ်။ အဲဒီအခါ Beta-Blocker မျက်စဉ်းဆေးပေးလိုက်လို့ နှလုံးမှာ သက်ရောက်မှုတွေ ရှိတာကို တွေ့ရပါတယ်။ ဒီလို နှလုံးမှာ သက်ရောက်တဲ့ သာဓကတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် Beta-Blocker မျက်စဉ်းဆေးမပေးခင်မှာ “အဘွားမှာ ရင်ကျပ်ပန်းနာရှိသလား၊ နှလုံးရောဂါရှိသလား” စသဖြင့် မေးရပါတယ်။ ရှိတယ်ဆိုရင် သူတို့ကိုကုသနေတဲ့ သက်ဆိုင်ရာ အထူးကုတွေဆီကို စာရေးပြီး “ဆရာ့လူနာကို Beta-Blocker မျက်စဉ်းဆေးပေးချင်ပါတယ်.. လက်ခံနိုင်တဲ့ အနေအထား ရှိ၊ မရှိ” မေးမြန်းရပါတယ်။ တစ်ခါတလေ ECG အဖြေကိုကြည့်ပြီး ဆရာတို့ဘာသာ ဆုံးဖြတ်လိုက်တာမျိုးလည်း ရှိပါတယ်။ သူငယ်အိမ်ရောင်တာ (Uveitis) ဖြစ်တဲ့ လူနာကို Prednisolone ပေးချင်တဲ့အခါ အစာအိမ်ရောဂါရှိရင် ပေးလို့မရပါဘူး။ အဲဒီအခါ တခြားဆေးကို အစားထိုးပေးရပါတယ်။ မျက်စိအထူးကု ဆရာဝန်က ဆရာဝန်ပဲဖြစ်လို့ လူနာရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါတွေ၊ ဆေးဝါးတွေနဲ့ မသင့်တော်တဲ့ ဆေးတွေကို ပေးလို့မရပါဘူး။

Q. တခြားရောဂါရှိသူတွေကို မျက်စိကုမယ်ဆိုရင် ဘာကိုသတိထားသင့်ပါသလဲ ဆရာ။

A. တခြားရောဂါရှိသူတွေကို မျက်စိကုမယ်ဆိုရင် တခြားရောဂါရှိ၊ မရှိကို သိဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်။ လူနာကလည်း ဆရာဝန်ကို အမှန်အတိုင်း ပြောသင့်ပါတယ်။ တချို့လူနာတွေက ပြောဖို့ မလိုအပ်ဘူးလို့ ယူဆပြီး မပြောတာမျိုးလည်း ရှိပါတယ်။ မျက်စိက ခန္ဓာကိုယ်နဲ့ သီးသန့်စီလို့ထင်ပြီး ဆီးချိုရောဂါရှိတာ၊ သွေးတိုးရောဂါရှိတာကို ပြောစရာမလိုဘူးလို့ ထင်နေကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဥပမာ- လေးဖက်နာရောဂါဖြစ်ရင် မျက်စိခွဲစိတ်ပြီးတဲ့အခါ အနာကျက်တာနှေးတယ်၊ သူငယ်အိမ်ရောင်နိုင်ခြေ ပိုများတယ်..

နောက်တစ်ချက်က လူနာအများစုအနေနဲ့ မျက်စိခွဲစိတ်မှုက မေ့ဆေးမသုံးဘဲ ထုံဆေးနဲ့ လွယ်လွယ်လေး ထုတ်လိုက်တယ်လို့ ထင်နေပါတယ်။ ဒါလည်း မဟုတ်ပါဘူး။ ဆေးကုသမှုမှာ လူနာတွေရဲ့ ပူးပေါင်းပါဝင်မှုက အရေးပါတဲ့အတွက် ဒါတွေကို သိနားလည်စေချင်ပါတယ်။

Most Popular

Healthy Life Ad
To Top