Healthy Life Ad
Q & A

ဆီးချိုရှိသူတွေက ဘယ်လိုလေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါသလဲ

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. မေမေ့မှာ ဆီးချိုရောဂါ ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုလို့ ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်သင့်သလဲဆိုတာ သိလိုပါတယ်။
NoeNoe(FB)

A. လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေကို လှုပ်ရှားစေတယ်၊ ခန္ဓာကိုယ်သွေးလှည့်ပတ်မှု မြန်ဆန်စေတယ်၊ ခန္ဓာကိုယ်က စွမ်းအင်တွေကို အသုံးချတယ်၊ အထူးသဖြင့် အဆီထဲမှာ ထိန်းထားတဲ့ စွမ်းအင်တွေကိုယူပြီး အသုံးချလို့ အဆီနည်းသွားတယ်။ ဒီလိုနည်းနဲ့ ဆီးချိုထိန်းချုပ်မှုက ကောင်းသွားပါတယ်။ ကိုယ်လက်လှုပ်ရှားအနေနဲ့ အားကစားတစ်ခုခု လုပ်လို့ရပါတယ်။ ဘောလီဘောကစားတာ၊ ရေကူးတာ၊ ကြက်တောင်ရိုက်တာ စသဖြင့်ပေါ့။ ဒီလိုအားကစားတစ်ခုခုလုပ်ဖို့ အခက်အခဲရှိသူတွေအနေနဲ့ လမ်းသွက်သွက်လျှောက်ပေးရပါမယ်။ လေညင်းခံသလို ဖြည်းဖြည်းချင်း လမ်းလျှောက်နေရင်တော့ ကြွက်သားတွေက စွမ်းအင်အသုံးချမှု နည်းတဲ့အတွက် အကျိုးရှိမှု နည်းပါတယ်။ အကျိုးရှိအောင် ခပ်သွက်သွက် လမ်းလျှောက်ရပါမယ်။ သွေးခုန်နှုန်း စမ်းသပ်မယ်ဆိုရင် သွေးခုန်နှုန်း ၁၀ဝ ကျော်ရပါမယ်။ ဒါဆိုရင် မလိုလားအပ်တဲ့ အဆီတွေကိုယူပြီး သုံးစွဲပေးမှာဖြစ်လို့ တစ်နေ့မှာ နာရီဝက်၊ တစ်ပတ်မှာ ငါးရက်၊ လမ်းသွက်သွက်လျှောက်ပေးရင်လည်း အဆင်ပြေပါတယ်လို့ အကြံပြုပြောကြားလိုပါတယ်။

Most Popular

Healthy Life Ad
To Top