Healthy Life Ad
Health Tips

ကျန်းမာရေးအတွက် ဆား၏အသုံးဝင်ပုံများ

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

လည်ချောင်းနာတာ၊ သွားကိုက်တာ၊ ခြင်ကိုက်တာ၊ သွားဖုံးနာတာနဲ့ မီးပူလောင်တာ စတဲ့ ဝေဒနာတွေအတွက် ဆားကို အသုံးပြုနိုင်ပါတယ်။ ကျန်းမာရေးအတွက် အနာကျက်စေနိုင်တဲ့ ဆားကို အသုံးပြုနိုင်ပါတယ်။

လည်ချောင်းနာခြင်း

လည်ချောင်းနာတာအတွက် အိမ်တွင်းကုထုံးအနေနဲ့ ကြက်သီးနွေးရေထဲကို ဆားခတ်ပြီး ပလုတ်ကျင်းပေးရပါမယ်။ ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲကို ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး တစ်နေ့မှာ အကြိမ်ရေများများ ပလုတ်ကျင်းပေးပါ။ လည်ချောင်းနာတာ သုံးရက်ကျော်ကြာနေရင် ဒါမှမဟုတ် အဖျားကြီးတာနဲ့ တွဲဖြစ်နေရင် ဆရာဝန်နဲ့ပြပါ။

သွားဖုံးနာခြင်း

သွားဖုံးနာနေရင် ကြက်သီးနွေးရေ တစ်ခွက်ထဲကို ဆားလက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ငုံပေးပါ။ အနာရှိနေရင် ဆားဟာ ကူးစက်ပိုးတချို့ကို ဆွဲယူသွားပါလိမ့်မယ်။ သွားဖုံးနာကျင်နေပါက ဖြစ်နိုင်သမျှ ချက်ချင်း သွားဆရာဝန်က ကုသမှုပေးပါလိမ့်မယ်။

သွားကိုက်ခြင်း

သွားဆရာဝန်ဆီ မသွားနိုင်သေးခင်မှာ သွားကိုက်ဝေဒနာ ယာယီသက်သာစေဖို့အတွက် ကြက်သီးနွေးရေတစ်ခွက်၊ ရှလကာရည် ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ ဆားထမင်းစားဇွန်း တစ်ဇွန်းတိို့ကို ရောပြီး ရလာတဲ့အရည်နဲ့ ပလုတ်ကျင်းပေးပါ။

မီးပူလောင်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်း

အလွန်ပူတဲ့ အစားအသောက်တစ်ခုခုကို စားသောက်မိတာကြောင့် ပါးစပ်ထဲမှာ အလွန်ပူသွားရင် ဆားရေနဲ့ ပလုတ်ကျင်းပေးလိုက်ပါ။ ကြက်သီးနွေးရေ တစ်ဖန်ခွက်ထဲ ဆားလက်ဖက်စားဇွန်း တစ်ဝက်ထည့်ပြီး တစ်နာရီကြာတစ်ကြိမ် ပလုတ်ကျင်းပေးပါ။

လျှာကိုက်မိခြင်း၊ ပါးစောင်ကိုက်မိခြင်း

လျှာ ဒါမှမဟုတ် ပါးစောင်ကို ကိုက်မိတာကြောင့် သွေးထွက်နိုင်သလို ပြင်းထန်တဲ့ နာကျင်မှုကိုလည်း ခံစားရတတ်ပါတယ်။ ဒီနာကျင်မှုဝေဒနာ သက်သာစေဖို့ ကြက်သီးနွေးရေ တစ်ခွက်ထဲ ဆားလက်ဖက်စားဇွန်းတစ်ဇွန်း ထည့်ပြီး ပလုတ်ကျင်းပေးပါ။

နှာခေါင်းပိတ်ခြင်း

နှာခေါင်းပိတ်တာ သက်သာစေဖို့ ဆားရည်ကို နှာခေါင်းထဲ အစက်အနည်းငယ်ချပေးပါ။

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular

Healthy Life Ad
To Top