Healthy Life Ad
Health Tips

မြေးထိန်းပေးရသည့် အဘိုးအဘွားများက မထိန်းရသူတွေထက် ပိုအသက်ရှည်စေနိုင်

———၊ ကိုထက် ၊———

လူအများစုကတော့ ငယ်ငယ်က အဘိုးအဘွားတွေနဲ့ ပျော်စရာအမှတ်တရတွေ ရှိနေကြမှာပါ။ အဘိုးအဘွားတွေဆီက ရနိုင်မယ့် အမှတ်တရတွေကတော့ သူတို့ဘဝတလျှောက် တွေ့ကြုံခဲ့ရတဲ့အထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ ဘဝဇာတ်လမ်းတွေ၊ ပုံပြင်တွေ၊ ဘဝနေထိုင်နည်းတွေပဲ ဖြစ်ပါတယ်။ အဘိုးအဘွားတွေရဲ့ ကြင်နာမှုတွေကြောင့် ပျော်ရွှင်မှုတွေ ရခဲ့ကြသလိုပဲ အဘိုးအဘွားတွေအတွက်လည်း ကောင်းကျိုးတွေ ပြန်လည်သက်ရောက်စေနိုင်ပါတယ်။

alignnone size-medium wp-image-56739

လေ့လာချက်စစ်တမ်းတွေအရ မြေးထိန်းတဲ့ အဘိုးအဘွားတွေက မြေးမထိန်းတဲ့ အသက်ရွယ်တူ အဘိုးအဘွားထက် ၃၇ ရာခိုင်နှုန်း သေဆုံးနိုင်ခြေ ပိုနည်းပါးစေတယ်လို့ ဆိုပါတယ်။ သက်ကြီးရွယ်အိုတွေကို လေ့လာတဲ့ သုတေသနအဖွဲ့မှာ အသက် ၇၀ ကျော် အဘိုးအဘွား ၅၀ဝ ယောက်ကျော်ကို လေ့လာစစ်တမ်း ကောက်ခံခဲ့ကြပါတယ်။ ဒီအဘိုးအဘွား ၅၀ဝ ဦးကျော်ကို ၁၉၉၀ ခုနှစ်မှစပြီး ၂ နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုတွေ အပါအဝင် တစ်ဦးချင်း တွေ့ဆုံစကားပြောပြီး အချက်အလက်များစွာကို မှတ်တမ်းတင်ခဲ့တယ်လို့ သိရပါတယ်။

အချက်အလက်တွေအရ မြေးတွေကို ထိန်းပေးတဲ့ အဘိုးအဘွားတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ပထမဆုံးစစ်ဆေးမှု ပြုလုပ်ပြီးနောက် ၁၀ နှစ်အထိ ကျန်းမာစွာ အသက်ရှင်နေထိုင်လျက် ရှိတယ်လို့ ဆိုပါတယ်။ မြေးတွေမထိန်းကျောင်းရတဲ့ အဘိုးအဘွားတွေရဲ့ ၅၀ ရာခိုင်နှုန်းကတော့ ၅ နှစ်ခန့်အတွင်း သေဆုံးသွားခဲ့ကြတယ်လို့ သိရပါတယ်။

အောက်စဖို့တက္ကသိုလ်မှ လေ့လာမှုအများအရ အဘိုးအဘွားတွေက ကလေးငယ်တွေအတွက် အရေးကြီးတဲ့ နေရာတစ်ခုအနေနဲ့ အရေးပါတယ်လို့ ဆိုပါတယ်။ အဘိုးအဘွားတွေရဲ့ ဂရုစိုက်ခြင်းကို ခံရတဲ့ ကလေးငယ်တွေဟာ တခြားသူတွေထက် အမူအကျင့်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ လျော့နည်းစေတယ်လို့လည်း ဆိုပါတယ်။

alignnone size-medium wp-image-56740

“ကလေးတွေကို ထိန်းပေးနေရင်း ကိုယ်တိုင်လည်း စိတ်ရောကိုယ်ပါ အားအင်ပြည့်နေတတ်တဲ့အတွက် အသက်ရှည်ရတယ်လို့ ထင်ပါတယ်၊ ဘာကြောင့် ဒီလိုအသက်ရှည်ရတယ်ဆိုတဲ့ မေးခွန်းကိုတော့ တိတိကျကျ မဖြေနိုင်သေးပေမယ့် အသက်ရှည်တယ်ဆိုတဲ့ ရလဒ်ကတော့ အမှန်အကန်ပဲ ဖြစ်ပါတယ်၊ ကလေးထိန်းရာမှာ စိတ်ရောကိုယ်ပါ ဆန္ဒရှိနေဖို့ လိုအပ်ပါတယ်၊ မဟုတ်ရင် ကလေးထိန်းတာက စိတ်ဖိစီးမှုအဖြစ် ပြောင်းလဲသွားရင် ကျန်းမာရေးအတွက် ပိုထိခိုက်စေနိုင်ပါတယ်” လို့ လေ့လာမှုစစ်တမ်း ပြုလုပ်နေသူ ပညာရှင်ဒေးဗစ်က ပြောပြခဲ့ပါတယ်။

(Ref;BS 5-3-19)

Most Popular

Healthy Life Ad
To Top