Healthy Life Ad
Health Tips

ကွန်ပျူတာ အကြည့်များသူတို့အတွက်

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကွန်ပျူတာရှေ့ အထိုင်များ၊ ကွန်ပျုတာအကြည့်များတဲ့ သူတွေအနေနဲ့ မျက်စိကျန်းမာရေးကို ဘယ်လို ဂရုစိုက်ပေးသင့်ပါသလဲရှင့်။
Hlanwe(FB)

A. မျက်စိက တစ်နေရာတည်းမှာ ကြာကြာကြည့်ပြီး အာရုံစိုက်ထားရင် မျက်စိရဲ့သူငယ်အိမ်ကို ထိန်းထားတဲ့ ကြွက်သားတွေက ပုံမှန်ထက် ပိုအလုပ်လုပ်ရတယ်။ အဲဒီအခါ ဇက်ကြောတက်တယ်၊ မျက်ရည်ပူကျတယ်၊ မျက်စိညောင်းတယ်၊ ခေါင်းကိုက်တယ် ဒီလိုလက္ခဏာတွေ ဖြစ်တတ်ပါတယ်။ တချို့လူတွေအနေနဲ့ မျက်စိပါဝါ ပိုတိုးလာတတ်ပါတယ်။ ဒါကို ရှောင်ရှားဖို့ဆိုရင် ကွန်ပျူတာသုံးတဲ့သူတွေ စကရင်ကို အကြာကြီးမကြည့်ဘဲ အနားပေးရပါမယ်။ စကရင်ကို အချိန် ၅ မိနစ်လောက်ပေးပြီး ကြည့်ပြီးတဲ့အခါ အဝေးကို တစ်ချက်လှမ်းကြည့်ကာ မျက်စိကို အနားပေးရပါမယ်။ ပြီးမှ ကွန်ပျူတာစကရင်ကို ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top