Healthy Life Ad
Health Tips

အိမ်သန့်ရှင်းရေးလုပ်ရာတွင် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ ကင်းစေရန်

———၊ ငွေကြယ်စင်ယံ ၊———

အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ သုံးလေ့ရှိတဲ့ သန့်စင်ရေးပစ္စည်းတွေထဲက ဓာတုပစ္စည်းတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ဖြစ်စေနိုင်တယ်လို့ စင်စင်နာတီတက္ကသိုလ်ရဲ့ လေ့လာမှုအသစ်တစ်ခုက ဆိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ အိမ်သန့်ရှင်းရေးသုံးပစ္စည်းတွေကြောင့် ချောင်းဆိုးတာနဲ့ အသက်ရှူကျပ်တာ စတဲ့ဝေဒနာတွေကို ဖြစ်စေနိုင်ပြီး ရောဂါမရှိသူတွေကိုတောင် နှာချေတာလို ဝေဒနာတွေကို ဖြစ်ပေါ်စေတယ်လို့ လေ့လာမှုက ဆိုပါတယ်။ ဒါကြောင့် အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင် အသက်ရှူလမ်းကြောင်းမှာ ဝေဒနာမရစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

• အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ဓာတုပစ္စည်းနည်းပါးတဲ့ သန့်ရှင်းရေးသုံးပစ္စည်းကို အဓိက ရွေးချယ်သင့်ပါတယ်။ ကြေးချွတ်ပစ္စည်းတွေကို သုံးမယ့်အစား ရှလကာရည်ကိုသုံးပြီး ကြေးချွတ်ပါ။

• ရေစိုဝတ်ဖြင့်ဖုံသုတ်ပါ။ သင်သန့်စင်လိုတဲ့ မျက်နှာပြင်တွေကို ရေစိုစွတ် ဒါမှမဟုတ် ရေဆွတ်ထားတဲ့ ရေမြှုပ်နဲ့ပွတ်တိုက်ပေးပါ။

• ကြေးချွတ်ဆေးရည်ကို ရေထဲကိုရောထည့်ပြီးသုံးရင် ဓာတုပစ္စည်းရဲ့ အန္တရာယ်ကို လျော့ကျသွားစေပါတယ်။

• သင်က ပန်းနာရင်ကျပ်ရောဂါ ရှိတယ်ဆိုရင် နှာခေါင်းစည်းကို N95 အမျိုးအစား စွပ်ထားပေးသင့်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ မရှိဘူးဆိုရင် ရိုးရိုးနှာခေါင်းစည်းကို စွပ်ထားလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top