Healthy Life Ad
Q & A

ကလေးမှာပေါက်တဲ့ ရေကျောက်

—၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—

Q. ကလေးက ၉ နှစ်ပဲရှိသေးတယ်၊ ရေကျောက်ပေါက်နေလို့ ဘယ်လိုလုပ်ပေးသင့်ပါသလဲ။
(သန်လျင်သဘာဝတရားရိပ်သာမှ မေးမြန်းသူတစ်ဦး)

A. ရေကျောက်ရဲ့သဘောက ဖျားမယ်၊ ဖျားပြီး ရက်ပိုင်းအတိုင်း အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်မှာ စပေါ်မယ်၊ ပြီးရင် အနာဖေးဖြစ်သွားတတ်ပါတယ်။ ရေကျောက်ဖြစ်တဲ့အချိန်မှာ ပဋိဇီဝပိုးသတ်ဆေး၊ ဖျားနေရင် ကိုယ်ပူကျဆေး သောက်ရပါမယ်။ ဒီလိုဆေးသောက်ပေးရင် ကလေးအတွက် ခံသာတာပေါ့။ ဒါပေမဲ့ တစ်ကိုယ်လုံး ရေကျောက်အစုံ ထွက်ပြီးမှ ပျောက်နိုင်တာပါ။ အရေပြားမှာ သနပ်ခါးလိမ်းလို့မသန့်ရင် ပိုးဝင်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top