Healthy Life Ad
Health Tips

ထောပတ်အသင့်အတင့်စားရင် ကျန်းမာစေတယ်ဆိုတဲ့ အကြောင်းပြချက် ၇ ရပ်

——–၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——–

ထောပတ်က အဝလွန်တယ်၊ နှလုံးအတွက် မသင့်တော်ဘူး စသဖြင့် ပြောခဲ့ကြပေမယ့် အခုလတ်တလောမှာ ဆိုးဆေးမပါဘဲ သဘာဝနို့အစစ်နဲ့ ထုတ်ထားတဲ့ ထောပတ်ကို အသင့်အတင့်စားပေးရင် ကျန်းမာစေတယ်ဆိုတဲ့ အကြောင်းပြချက် ၇ ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါတွေကတော့-

(၁) အဆီမှာပျော်ဝင်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်မှုများပါတယ်

ထောပတ်မှာ ဆီပျော်ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင်အေ၊ အီးနဲ့ ကေတူးတို့ ပါဝင်ပါတယ်။ ဗီတာမင်ကေတူးက ကျန်းမာရေးအတွက် အစွမ်းထက်အာနိသင်ရှိပြီး နှလုံးသွေးကြောရောဂါ၊ ကင်ဆာနဲ့ အရိုးပါးရောဂါအပါအဝင် ပြင်းထန်တဲ့ ရောဂါဝေဒနာများစွာ ဖြစ်နှုန်းလျော့ကျစေပါတယ်။

(၂) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပြည့်ဝဆီများစွာ ပါဝင်ပါတယ်

ထောပတ်မှာပါတဲ့ ပြည့်ဝဆီက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နှုန်းနဲ့ ဆက်စပ်မှုမရှိဘူးလို့ လတ်တလောလေ့လာမှုတွေက ဆိုပါတယ်။ ဒါပေမဲ့ အသင့်အတင့်ပဲ စားသင့်တာပါ။

(၃) ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် အားကောင်းစေပါတယ်

ထောပတ်မှာ Conjugated Linoleic Acid (CLA) ပါဝင်တာကြောင့် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေတယ်လို့ လေ့လာမှုတချို့က ဆိုပါတယ်။

(၄) အရိုးတွေကို သန်စွမ်းစေပါတယ်

ထောပတ်စားတာကြောင့် ကယ်လ်ဆီယမ်ရရှိတဲ့အတွက် အရိုးတွေကို သန်စွမ်းစေပါတယ်။

(၅) ထောပတ်က အရသာရှိလို့ ကလေးလူကြီး စားချင်စိတ်တိုးစေတယ်

ကလေးတွေ အစားကြေးများလို့ စိတ်ညစ်နေတဲ့ မေမေတွေအတွက် သတင်းကောင်းပါ။ ကလေးတွေကို အစားအသောက်ကျွေးတဲ့အခါ ထောပတ်ထည့်ကျွေးရင် ကလေးတွေက အရသာရှိလို့ ပိုစားတတ်ကြပါတယ်။

သတိပြုရန်

ထောပတ်ကို ပူလွန်းတဲ့နေရာတွေမှာ မထားပါနဲ့၊ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top