Healthy Life Ad
Health Tips

မြွေဟောက်ပုံစံ ယောဂကျင့်စဉ်

——–၊ လရိပ်မေ ၊——–

အခုဖော်ပြမယ့် ယောဂကျင့်စဉ်က ခန္ဓာကိုယ်ကို မြွေဟောက်ပုံစံနေရမယ့် ကျင့်စဉ်ဖြစ်ပါတယ်။


အဆင့် (၁)

ယောဂဖျာပေါ်မှာ မှောက်လိုက်ပါ။ လက်နှစ်ဖက်ကို ကိုယ်ဘေးတစ်ဖက်တစ်ချက်မှာ ချထားပြီး လက်ဆယ်ချောင်းလုံးကို ဖြန့်ထားပါ။


အဆင့် (၂)

လက်တံတောင်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ပါ။ ပခုံးနှစ်ဖက်ကို အားလျှော့ထားရပါမယ်။


အဆင့် (၃)

ခေါင်းကို အပေါ်မော့လိုက်ပါ။ အသက်ကို ပုံမှန်ပဲ ရှူသွင်းနေရပါမယ်။ ဒီအနေအထားအတိုင်း ခဏနေပြီးမှ ခေါင်းကို မူလအတိုင်းပြန်နေပြီး တံတောင်ကို ပြန်ကွေးလိုက်ပါ။


အဆင့် (၄)

တံတောင်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး ဦးခေါင်းကို ဘယ်ဘက်စောင်းလိုက်ပါ။ အသက်ပုံမှန်ရှူပြီး ခေါင်းကို မူလအတိုင်း ပြန်နေပါ။ ပြီးမှ ခေါင်းကို ညာဘက်စောင်းပါ။ မျက်လုံးက အနောက်ဘက်ကိုကြည့်ပြီး ခေါင်းကိုမူလအတိုင်း ပြန်နေပါ။


အဆင့် (၅)

လက်တံတောင်ကို ပြန်ကွေးပြီး ကြမ်းပြင်ပေါ် ပြန်လှဲလိုက်ပါ။

မြွေဟောက်ပုံစံ ယောဂကျင့်စဉ်ကျင့်တာက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ

• ခါးနဲ့ နောက်ကျောနာကျင်မှုကို သက်သာစေပါတယ်။

• ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။

• ဝမ်းဗိုက်တွင်းရှိ အင်္ဂါအစိတ်အပိုင်းတွေကို ကောင်းမွန်စေပါတယ်။

သတိပြုရန်

ခါးနာတတ်သူတွေက ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြမ်းပြင်နဲ့ ခွာလိုက်တဲ့အချိန်မှာ လက်တံတောင်က ကြမ်းပြင်ပေါ် ထောက်ထားနိုင်ပါတယ်။

(Ref;fitday)

Most Popular

Healthy Life Ad
To Top