Healthy Life Ad
Health Tips

သင့်ဇနီးကို ချစ်လျှင်

(၁) ချစ်သူဘဝတုန်းကလို သူနဲ့ Date ပါ

သူအံ့အားသင့် ပျော်ရွှင်ကြည်နူးပါလိမ့်မယ်။

(၂) တစ်နေ့တာအတွင်း အခါအားလျှော်စွာ မက်ဆေ့ချ်ပို့ပါ

တစ်နေ့တာအတွင်း အလွဲလေးတွေ၊ ရယ်စရာအဖြစ်အပျက်လေးတွေ ပြောပြပေးပါ။

(၃) အမှတ်တရနေ့တွေမှာ ချစ်လက်ဆောင်ပေးပါ

ချစ်သူများနေ့၊ ဇနီးမွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ မှတ်မှတ်ရရ လက်ဆောင်ပေးပါ။ ဥပမာ- လက်ဝတ်လက်စား၊ အိတ်လှလှလေး၊ အဝတ်အစားအသစ် စသဖြင့်ပေါ့။

(၄) ချစ်စာလွှာတစ်စောင် ရေးပေးပါ

အဲဒီစာက သူရဲ့ပင်ပန်းမှုမှန်သမျှ ပြေစေပါလိမ့်မယ်။

(၅) အိပ်စက်အနားယူခွင့် ပေးပါ

ပင်ပန်းတဲ့နေ့တွေမှာ မနက်စာမချက်နိုင်လောက်အောင် အိပ်ပျော်နေတဲ့ သင့်ဇနီးအတွက် မနက်စာပြင်ဆင်ပေးပါ။

(၆) အလှပြင်ဆိုင် လိုက်ပို့ပေးပါ

ပိုကောင်းတာက သူအလှပြင်ဆိုင်သွားချိန်မှာ ချစ်သူဘဝတုန်းကလို လိုက်စောင့်ပေးပါ။

(၇) ပန်းလက်ဆောင်ပေးပါ

သင့်ဇနီးကို ပိုစိတ်လှုပ်ရှား၊ ပျော်စေချင်ရင် သူကြိုက်တဲ့ ပန်းပင်လေးစိုက်ပေးပေါ့။

(၈) ချစ်တယ်လို့ပြောပါ

ဘယ်လောက်ပဲ အိမ်ထောင်သက်ကြာကြာ အချစ်တွေမဟောင်းနွမ်းသွားကြောင်း မကြာခဏပြောပါ။

ချစ်သက်တမ်း တည်တံ့ခိုင်မြဲပျော်ရွှင်ကြပါစေ . . .

Most Popular

Healthy Life Ad
To Top