Healthy Life Ad
Health Tips

သုံးလက်မခွဲအမြင့်ရှိ ဒေါက်ဖိနပ်က အဆစ်များကို အရွယ်မတိုင်မီ ယိုယွင်းစေနိုင်

………………၊ ကိုထက် ၊………………

ဒေါက်မြင့်ဖိနပ်စီးတာက ခြေထောက်နာကျင်စေရုံသာမက အဆစ်ရောင်နာဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။ သုံးလက်မခွဲအမြင့်ရှိ ဒေါက်မြင့်ဖိနပ်စီးပြီး လမ်းလျှောက်တာကြောင့် အသက်ကြီးသူနဲ့ ဒူးဆစ်ရောင်ရမ်းနာရှိသူတွေမှာတွေ့ရတဲ့ လမ်းလျှောက်ပုံအတိုင်း ဖြစ်လာစေနိုင်ကြောင်း လေ့လာတွေ့ရှိမှုအရ သိရပါတယ်။

အခုတွေ့ရှိမှုဟာ ရိုးဆစ်ရောင်ရမ်းနာက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ နှစ်ဆပိုပြီး အဖြစ်များရတဲ့ အကြောင်းရင်းကို ရှင်းပြပေးနိုင်ခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“ခြေဗလာနဲ့ လမ်းလျှောက်တဲ့အခါမှာ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ဒူးဆစ်တည်ဆောက်ပုံက တူညီနေပေမယ့် ဒေါက်မြင့်ဖိနပ်စီးလိုက်တဲ့အခါ အမျိုးသမီးတွေမှာ ရိုးဆစ်ရောင်ရမ်းနာဖြစ်နှုန်း ပိုပြီး မြင့်တက်မှုရှိတာကို တွေ့ရပါတယ်”လို့ ကယ်လီဖိုးနီးယား လေ့လာသူတို့က ပြောကြားခဲ့ပါတယ်။

အဆစ်နေရာင်ရမ်းနာထဲမှာ အဖြစ်များဆုံး ရိုးဆစ်ရောင်ရမ်းနာရောဂါဟာ အဆစ်တွေကို ကွေးခြင်း/ဆန့်ခြင်းတို့အပေါ် သက်ရောက်မှုရှိတဲ့ အရိုးနုထိခိုက်ပျက်စီးမှုကြောင့် ဖြစ်ရခြင်းဖြစ်ပြီး အဆစ်ရောင်ရမ်း နာကျင်တောင့်တင်းတဲ့ ဝေဒနာကြောင့် လမ်းလျှောက်ရခက်ခဲပြီး အထူးသဖြင့် လှေကားများကို မတက်နိုင်ကြောင်း သိရပါတယ်။

စတန်းဖို့ဒ်တက္ကသိုလ် လေ့လာသူတို့က ဖိနပ်အမျိုးမျိုးနဲ့ လမ်းလျှောက်လေ့ရှိတဲ့ အမျိုးသမီး ၁၄ ဦးကို လေ့လာခဲ့ရာ ဒေါက်ဖိနပ်က ပိုမြင့်လေလေ၊ ဒူးလှုပ်ရှားပုံပြောင်းလဲလေလေဖြစ်ပြီး လမ်းလျှောက်ဟန်က သက်ကြီးရွယ်အိုလို ဖြစ်လာလေလေဖြစ်ကြောင်း သိရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top