Healthy Life Ad
Health Tips

အအန်ပျောက်ဆေးများ (Anti Emetics)

……………..၊ ဒေါက်တာတင့်ဆွေ ၊…………….

ပျို့ချင်-အန်ချင် ဖြစ်သည်မှာ လက္ခဏာတခု ဖြစ်သည်။ ရောဂါမဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေပါသည်။ ကိုယ်ဝန်ရှိစဉ်၊ ခရီးသွားစဉ်၊ ဝမ်းလျှောဝမ်းပျက်စဉ် အန်ခြင်းတို့အပြင် အစာဆိပ်သင့်ခြင်း၊ သည်းခြေအိတ်ရောဂါများ၊ အစားအလွန်အကျွံစားခြင်း၊ နှလုံးရောဂါ၊ ဦးခေါင်းအားထိခိုက်မိခြင်း၊ ဦးနှောက်ထဲအကျိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊ အစာအိမ်လေနာ၊ မကြိုက်သည့်အနံ့ဆိုးရှူမိခြင်း၊ မေ့ဆေးပေးရခြင်း၊ ကင်ဆာဆေးပေးရခြင်းတို့ကြောင့် ပျို့ချင်-အန်ချင် ဖြစ်ရသည်။ အအန်ပျောက်ဆေးများအား antihistamine နှင့် anticholinergic နှစ်မျိုး ရောစပ်ထားသည်။

Anti-Emetics
အအန်ပျောက်ဆေးများ
Antihistamines (Cyclizine, Cinnarizine, Meclozine Hydrochloride, Prometha­zine) အင်တီဟစ်တမင်းခေါ် အာလာဂျီဖြစ်ခြင်းအတွက် အသုံးများသည့်ဆေးများကိုသုံးသည်။Metoclopramide အစာအိမ်ထဲကအစာကို မြန်မြန်အောက်သို့ ပို့ပေးသည့်အတွက် အစာတင်းနေ၍ အန်ချင်သည်ကို သက်သာစေသည်။ စားဆေး၊ ထိုးဆေး၊ စအိုကပေးနိုင်သည်။ Domperidone အစာစားပြီး အန်ချင်သည့် ရောဂါအတွက်ပေးသည်။ အချို့က မိခင်နို့ထွက်များစေရန် သုံးသော်လည်း မသုံးရန်အကြံပြုထားသည်။ Meclizine = Antivert (12.5 mg – 25 mg – 50 mg), Bonine, D-Vert, Dramamine II, Medivert, Driminate II, Meclicot, Ru-Vert-M, Meni-D, Bonine, Bonamine, Antivert, Postafen, Dramamine အမည်အမျိုးမျိုးရှိနေသည်။ Dramamine, Gravol, Gravamin, and Vertirosan တို့အစား meclizine ကိုပေးနိုင်သည်။ မကောင်းကျိုးနည်းသည်။

ကင်ဆာအတွက် ပေးရသည့် ဆေးများကြောင့် အန်ခြင်း

Serotonin antagonists (5HT3) (Dola-steron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေး၊ Dexamethasone စတီးရွိုက်ဆေး၊ ရောင်ခြင်း -နီမြန်းခြင်း၊ အလာဂျီဖြစ်ခြင်း၊ ပန်းနာ၊ ကင်ဆာတို့အတွက် သုံးသည့်ဆေး။ Aprepitant ကင်ဆာအတွက်ပေးသည့်ဆေးကြောင့် အန်ခြင်းအတွက် ၁ နာရီကြိုပေးရသည်။ Nabilone တနေ့ ၂-၃ ကြိမ်၊ အစာနှင့်နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ပေးနိုင်သည်။

“သတိထားရမည်မှာ အအန်ပျောက်ဆေးများကို ညွှန်ကြားသည်ထက် ပို၍မသုံးသင့်။ ပန်းနာ၊ အသက်ရှူရောဂါ၊ ရေတိမ်၊ ယောကျာ်းဆီးကြိတ်ကြီးရောဂါရှိသူများနှင့် ဆေးမတည့်သူများ မသုံးရ။ အသက် ၁၂ နှစ်အောက် မပေးသင့်။”

မိုင်ဂရင်းရောဂါကြောင့်အန်ခြင်း

Phenothiazines (Prochlorperazine, Tri­fl­uo­perazine, Levomepromazine) စိတ်ငြိမ်ဆေး၊ အလွန်အန်ခြင်း၊ ကြို့ထိုးခြင်းတို့အတွက်ဆေးများ၊ အန်ခြင်းအား သက်သာစေသည်သာမက Compazine (Prochlorperazine) ကို IV ထိုးပါက မိုင်ဂရင်း အမူး-အကိုက်ရောဂါကို တားဆီးနိုင်သည်။ ပါးစပ်ကသာမက စအိုကလည်း ပေးနိုင်သည်။ Tigan (Trimethobenzamide) စားဆေး၊ ထိုးဆေး၊ စအိုကပေးနိုင်သည့်ဆေး၊

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း

ကိုယ်ဝန်ဆောင်သူ ၇၀-၈၅ ရာနှုန်းမှာဖြစ်တတ်သည့် ကိုယ်ဝန်ရှိစအန်ခြင်း Morning sickness အတွက် တခါတရံ ဆေးတွေအသုံးမကျ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်မနေပေးရသည့် ဆေးတချို့မှာ လူနာစိတ်သက်သာရစေသည့် ဆေးအဖြစ်ခေါ်သည်။ B-Natal TheraPops ESifh B-Natal Lozenges တို့သည် ဗီတာမင် ဘီ-၆ ပါသည့် ဆေးများဖြစ်ပြီး၊ Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်သည်။ Bands Organic Morning Wellness Tea နှင့် Organic Heartburn Relieving Tea QueaseEASE နှင့် Essential Oil Therapy တို့မှာလည်း ခေတ်သုံးဆေးများဖြစ်သည်။ Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါကိုဖတ်ပါ။

Hyperemesis Gravidarum
ကိုယ်ဝန်ဆောင်စဉ် အလွန်အကျွံအန်ခြင်း

ဆိုးရွားသည်။ ကြာလျှင်ကိုယ်အလေးချိန်လျော့၊ အာဟာရနည်း၊ ဓါတ်ဆားအချိုးအဆပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များသည်။ ၂၀ ပတ်ဆိုလျှင် ၁၀% ကလွဲလျှင် ပျောက်သွားနိုင်သည်။ ဘာ့ကြောင့်ဖြစ်ရသည်ကို တိတိပပမသိပါ။ ကိုယ်ဝန် ၂၀ဝ လျှင် ၁ ယောက်မှ ၄ ယောက်ထိ ဖြစ်တတ်သည်။ promethazine, prochlorperazine and metoclopramide တို့ကို ပေးနိုင်သည်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားစေပါ။ ပရိုတင်းများများ ကျွေးသင့်ပြီး အဆီနှင့်အစပ် လျှော့သင့်သည်။ Normal saline or Lactated Ringer solution သွင်းပေးဘို့လိုနိုင်သည်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမည်။ အအန်သက်သာရန် Pyridoxine ဗီတာမင် ဘီ ၆၊ doxylamine 10 mg နှင့် pyridoxine (B6) 10 mg ရောပေးသင့်သည်။ promethazine 12.5-25 mg ကို ၄ နာရီခြား၄င်း၊ prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြားပေးနိုင်သည်။ Meclizine, dimenhydrinate, Metoclopramide တို့ကိုလည်း ပေးနိုင်သည်။ Corticosteroids (methylpred­nisolone 16 mg စားဆေး or intravenously every 8 hours) ကို နောက်ဆုံးအဖြစ်ပေးနိုင်သည်။ ၃ ရက်နှင့်သက်သာပါက ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာကရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာကောင်းသည်။ ဂျင်း(ချင်း) Gin­ger capsules of 250 mg taken 4 times a day သည်လည်းကောင်းသည်။ တရုတ်အပ်စိုက်နည်းတွင် acu­puncture point P6 နေရာတွင် စိုက်ပေးရသည်။

ခွဲစိတ်ကုရာတွင် မေ့ဆေးကြောင့် ပျို့-အန်ခြင်း

Hyoscine hydrobromide (Scopolamine hydrobromide) အသက်ရှူလမ်းမှထွက်သည့် စစ်ထုတ်ရည်အား တားဆီးသည့်ထိုးဆေး၊ ခွဲစိတ်ခြင်းမပြုမီ ပေးရသည်။ A Serotonin antagonist နှင့် phenothiazine or dexamethasone ရောထားသည့်ဆေးသည် ၉၀% ကောင်းသည်။ phenothiazines, meto-clopramide, 5HT3 antagonists, antihistamines and dexamethasone) တို့ကို ကာကွယ်ရန်ပေးသည်။

Motion sickness
ခရီးသွားစဉ် ပျို့-အန်ခြင်း

ခရီးသွားစဉ် မူးဝေအော့အန်ခြင်းဖြစ်ရသည်မှာ မျက်စိကမြင်သိ၍ ဦးနှောက်ဆီပို့လွှတ်သည့် အာရုံကြောစနစ်၏ ပေးပို့ချက်နှင့် ကိုယ်ခန္ဓာအတက်-အဆင်း၊ ဘယ်ကွေ့-ညာကွေ့ ဖြစ်သည်အား နားအတွင်းထဲရှိ အင်္ဂါအစိတ်အပိုင်းက ပို့လွှတ်သည့် ပေးပို့ချက်တို့ သဟဇတမဖြစ်ခြင်းကြောင့် မူးဝေအော့အန် ဖြစ်စေခြင်းဖြစ်သည်။ Hyoscine, Cyclizine, cin­nari­zine, promethazine တို့ကိုပေးနိုင်သည်။ နားအတွင်းကလာမည့် ပေးပို့ချက်အား ဦးနှောက်၏အန်ခြင်းကို ဖြစ်စေသည်နေရာသို့ မရောက်စေရန် တားဆီးမည့်ဆေးကို ပေးရခြင်းဖြစ်သည်။ အသုံးအများဆုံးဆေး Dramamine ကို အသက် ၂ နှစ်အထက် ပေးနိုင်သည်။ ကိုယ်တိုင်ကားမောင်သူအား မပေးရ။ အရက်နှင့်မတွဲရ။ အခြားအိပ်ချင်စေသည့်ဆေးများ(အအေးမိသက်သာဆေး၊ ဘိန်းပါသည့်ဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေး၊ အတက်သက်သာဆေး၊) များနှင့် တွဲမပေးသင့်ပါ။ခရီးသွားစဉ် မူးဝေအော့အန်ခြင်းအတွက် ခရီးမထွက်မီ နာရီဝက်၊ ၁ နာရီ ကြိုတင်သောက်ရမည်။ အချို့ဆေးက ၄ နာရီခံပြီး အချို့က ၂၄ နာရီခံသည်။ ဆေးကို ရေတဖန်ခွက်အပြည့်ဖြင့် သောက်ပါ။ နားကြောင့်ဖြစ်ရသည့် ခေါင်းမူးရောဂါအတွက် ဆေးကို တနေ့လျှင် ၄-၆ ကြိမ်သောက်ရသည်။

ဆေးနာမည်အမျိုးမျိုးရှိတယ်။ အတူတူပါဘဲ။ Dimenhydrinate, Dramamine, Driminate, Gravol, Gravamin, Vomex, and Vertirosan, Viabom, Dramin, Daedalon, Antimo နောက်ပြီး DRAMAMINE® Less Drowsy Formula ဆိုတာက အိပ်ချင်သက်သာတဲ့ ကားမူးပျောက်ဆေးဖြစ်တယ်။ သတိထားရမည်မှာ အအန်ပျောက်ဆေးများကို ညွှန်ကြားသည်ထက်ပို၍မသုံးသင့်။ ပန်းနာ၊ အသက်ရှူရောဂါ၊ ရေတိမ်၊ ယောကျာ်းဆီးကြိတ်ကြီး ရောဂါရှိသူများနှင့် ဆေးမတည့်သူများ မသုံးရ။ အသက် ၁၂ နှစ်အောက် မပေးသင့်။ ဆေး၏မကောင်းကျိုးများမှာ မျက်စိအမြင်ဝါးခြင်း၊ အာခေါင်ခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မူးဝေခြင်း၊ အိပ်ချင်ခြင်းတို့ဖြစ်သည်။ အန်နေသူအား စားဆေး-သောက်ဆေးတိုက်လျှင် အကျိုးမများနိုင်ပါ။ ဝယ်လို့လွယ်သည့်ဆေးကို အားကိုးရတတ်ပါသည်။ အန်လွန်းနေသူတယောက်ကို အလွယ်ရှာရနိုင်သော Chloropromazine စားဆေး-ထိုးဆေး (စိတ်ရောဂါနှင့် ကြို့ထိုးခြင်းတို့အတွက် သုံးသည့်ဆေးလည်းဖြစ်သည်။)ကို အချိန်အဆနှင့်ပေးနိုင်ပါသည်။ Dra-mamine ဆေးကို ကားဆိပ်၊ ရေဆိပ်၊ လေဆိပ်များမှာ အလွယ်ဝယ်ယူရစေရန် စီစဉ်ခြင်းက ကောင်းပါသည်။ Chloropromazine, Promathazine တို့ကို ကိုယ်အလေးချိန်ဖြင့် တိတိကျကျပေးရပါမည်။ အန်ပြီးလျှင် ဝမ်းလျှောသူများလို ဆားဓာတ်နည်းသွားမည်။ အစာအိမ်ထဲက အက်စစ်ဓာတ်များ နည်းသွားပါမည်။ ထို့ကြောင့် ဓာတ်ဆားရေတိုက်ရပါမည်။ လိုအပ်လျှင် သွေးပြန်ကြောထဲ သွင်းပေးရပါမည်။

ကလေးတွေအတွက် အအန်သက်သာဆေးများ

• Bsmuth subsalicylate (Pepto Bismol or Kaopectate)

• Antihistamines = Diphenhydramine (Benadryl)

• Coca-cola syrup and Ginger syrup ဂျင်း (ချင်း) ရည်၊

• Compazine, Phenergan, Zofran, Antivert and Reglan ဒီဆေးတွေက ဆရာဝန်လက်မှတ်လိုမယ်။

Most Popular

Healthy Life Ad
To Top