Healthy Life Ad
Health Tips

စိတ်ဖိစီးမှုက သင့်ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်စေသလဲ ….

…………….၊ စူး (ဆေးဝါးတက္ကသိုလ်) ၊…………….

ဦးနှောက်နှင့် နာ့ဗ်ကြော

စိတ်ဖိစီးမှုများရင် ခေါင်းကိုက်ခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ စွမ်းအင်ဆုံးရှုံးခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ကယောက်ကယက်ဖြစ်ခြင်း၊ အစာကို အလွန်အကျွံစားခြင်းနဲ့ အနည်းငယ်သာ စားခြင်း၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲခြင်း၊ မှတ်ဉာဏ်ပြဿနာ၊ အိပ်ပျော်ဖို့ခက်ခဲခြင်းနဲ့ ကြောက်ရွံ့ပူပန်ပြီး စိတ်ဓာတ်ကျတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။

အရေပြား

ဝက်ခြံနဲ့ တခြားအရေပြား ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။

ကြွက်သားနှင့် အဆစ်

ကြွက်သား(အထူးသဖြင့် လည်ပင်း၊ ပခုံးနဲ့နောက်ကျော)ကိုက်ခဲခြင်းနဲ့ တောင့်တင်းခြင်းနဲ့ အရိုးသိပ်သည်းဆ လျော့နည်းခြင်း ဖြစ်တတ်ပါတယ်။

နှလုံး

နှလုံးခုန်နှုန်းမြန်ခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းကိုလက်စထရောအဆင့် မြင့်တက်ခြင်းနဲ့ နှလုံးရောဂါ အမောဖောက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

အစာအိမ်

ပျို့ချင်အန်ချင်စိတ်များခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ပန်ကရိယ

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများပါတယ်။

အူသိမ်

ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ တခြားအစာခြေစနစ်ဆိုင်ရာ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

မျိုးဆက်ပွားစနစ်

အမျိုးသမီးတွေအနေနဲ့ စိတ်ဖိစီးမှုကြောင့် ရာသီပုံမမှန်ဖြစ်ခြင်း၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းနှင့် လိင်ဆန္ဒလျော့ပါးခြင်းတို့ ဖြစ်တတ်ပါတယ်။ အမျိုးသားတို့အနေနဲ့ စိတ်ဖိစီးမှုများရင် သုက်ကောင်ထုတ်နိုင်စွမ်း လျော့နည်းခြင်းနဲ့ လိင်ဆန္ဒလျော့ပါးခြင်းတို့ ဖြစ်တတ်ပါတယ်။

ကိုယ်ခံစွမ်းအားစနစ်

ကူးစက်ပိုးမွှားများအား တိုက်ခိုက်နိုင်စွမ်း လျော့နည်းခြင်းနဲ့ နာမကျန်းမှုမှ ပြန်လည်ကောင်းမွန်လာနိုင်ခြေ လျော့နည်းခြင်းတို့ ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top