Healthy Life Ad
Health Tips

အမျှင်ဓာတ်များသည့် အစာစားခြင်းဖြင့် အသက်ရှည်ပြီး ရောဂါဝေဒနာများ ကင်းစေနိုင်

————–၊ ကိုထက် ၊————–

အမျှင်ဓာတ်များစွာပါတဲ့ အစာတွေကို စားသူတွေက ရောဂါဝေဒနာတို့ကြောင့် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ် လျော့နည်းမှုရှိကြောင်း လူတစ်သန်းနီးပါးကို လေ့လာမှုအသစ်အရ တွေ့ရှိရပါတယ်။

အမျှင်ဓာတ်ပါတဲ့ အစားတွေကို စားတာကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုရောဂါနဲ့ ကင်ဆာရောဂါအမျိုးမျိုး အပါအဝင် နာတာရှည်ရောဂါများဖြစ်နှုန်းကို လျော့ကျစေနိုင်ကြောင်း တရုတ်လေ့လာသူတို့က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းကင်ဆာတက္ကသိုလ်မှ ရန်ရန်ကလေ့လာမှုမှာ ပါဝင်သူတွေကို အဖွဲ့ငါးခုခွဲပြီး နေ့စဉ်အမျှင်ဓာတ်စားသုံးမှုကို လေ့လာခဲ့ရာ နေ့စဉ် အမျှင်ဓာတ်အများဆုံး စားသူတွေက အနည်းဆုံးစားသူတွေထက် စောစောသေဆုံးနိုင်ခြေ ၁၆ ရာခိုင်နှုန်းလျော့ကျမှုရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

အမျှင်ဓာတ်များတဲ့ အစာတို့ကို စားတာကြောင့် ကြာကြာဗိုက်ပြည့်စေပြီး အစာအလွန်အမင်းစားခြင်းနဲ့ ကိုယ်အလေးချိန်မြင့်တက်ခြင်းတို့ မဖြစ်စေဖို့ ကူညီနိုင်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

“အမျှင်ဓာတ်ပါဝင်မှုများတဲ့ ကောက်နှံတစ်ခုလုံး အစာတို့ကိုစားတာကြောင့် အူမကြီးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်” လို့ လေ့လာသူတို့က ပြောကြားခဲ့ပါတယ်။

ထမင်းစားတိုင်း၊ စားတိုင်း အမျှင်ဓာတ်ပါဝင်မှုမြင့်မားတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားတဲ့ ကောက်နှံတစ်ခုလုံးအစာ၊ ပဲအမျိုးမျိုး၊ ပဲသီး၊ အစေ့အဆန်နဲ့ အခွံမာသီးတွေကို ထည့်စားသင့်ကြောင်း လေ့လာသူတို့က အားပေးထားပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top