Healthy Life Ad
Health Tips

အလုပ်စားပွဲနေရာမှာပင် ပြုလုပ်နိုင်သည့် အလွယ်ကူဆုံးလေ့ကျင့်ခန်း ၅ မျိုး

—————–၊ ကိုထက် ၊——————-

အလုပ်ထဲမှာ တကုပ်ကုပ်နဲ့ ညောင်းညာမနေဘဲ သွေးလှည့်ပတ်မှုကောင်းစေဖို့ အလုပ်စားပွဲနေရာမှာတင် ပြုလုပ်နိုင်တဲ့ အလွယ်ကူဆုံးလေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။<\p>
alignnone size-medium wp-image-55786
(က) ကြောင်နွားနည်းကျင့်စဉ် (Cat Cow)

ထိုင်ခုံပေါ်မှာထိုင်ပြီး ခြေဖဝါးနှစ်ဖက်ကို ကြမ်းပေါ်မှာ အပြားလိုက်ချထားပေးပါ။ လက်နှစ်ဖက်ကို ဒူးပေါ်တင်ထားပါ။ ထိုအနေအထားအတိုင်း ခါးကိုမတ်၊ ရင်ကိုကော့လိုက်ပြီး ဦးခေါင်းကို အနည်းငယ်မော့လိုက်ကာ အသက်ကို အားပါးတရ ရှူသွင်းလိုက်ပါ။ ထို့နောက် ခါးကိုရှေ့သို့ကုန်းကာ ဦးခေါင်းကိုလည်း ရှေ့သို့လိုက်ငုံ့ပြီး အသက်ကို ရှူထုတ်လိုက်ပါ။ ဒီလေ့ကျင့်ခန်းကို ၁ နာရီခြားတစ်ခါစီ ပြုလုပ်ပေးသင့်ပြီး တစ်ခါလုပ်ရင် အသက်ရှူသွင်း/ရှူ ထုတ် ၅ ကြိမ်စီပြုလုပ်ပေးရပါမယ်။<\p>
alignnone size-medium wp-image-55787
(ခ) သိန်းငှက်တောင်ပံသိုင်းကျင့်စဉ် (Eagle Arms)

လက်နှစ်ဖက်ကို ရှေ့သို့ဆန့်တန်းထားပါ။ တံတောင်ဆစ်နှစ်ဖက်လုံးကို ကွေးပြီး လက်ကို အပေါ်ထောင်လိုက်ပါ။ ထိုအနေအထားအတိုင်း ဘယ်ဘက်လက်ပေါ်ကို ညာဘက်လက်ယှက်ပြီး တင်လိုက်ပါ။ လက်ဖဝါးနှစ်ဖက်ကို ထိထားပါ။ ထို့နောက် တံတောင်ဆစ်တွေကို အပေါ်မြှင့်ပြီး လက်မောင်းတွေကို အောက်သို့နှိမ့်ပေးပါ။ ထို့နောက် လက်နှစ်ဖက်ကို အပေါ်အောက်ပြန်ပြောင်းပြီး ထပ်လုပ်ပါ။ တစ်ခါလုပ်ရင် ၃ ကြိမ်စီ ပြုလုပ်ပေးရပါမယ်။<\p>
alignnone size-medium wp-image-55788
(ဂ) ခြေထောက်လှည့်လေ့ကျင့်ခန်း

ထိုင်လျက်အနေအထားအတိုင်း ခြေဖဝါးနှစ်ဖက်ကို ကြမ်းပေါ်သို့ကပ်ထားပါ။ ထို့နောက် ဒူးကွေးထားတဲ့အတိုင်း ဘယ်ဖက်ခြေထောက်ကို အနည်းငယ်မြှောက်လိုက်ပြီး ဒူးနေရာမှ နာရီလက်တံအတိုင်းလှည့်လိုက်/ပြောင်းပြန်လှည့်လိုက် ဖြည်းဖြည်းချင်းလှည့်ပေးပါ။ ထို့နောက် ခြေကျင်းဝတ်ကနေ တစ်ခါလှည့်ပေးပါ။ ပြန်ချပြီး နောက်ခြေတစ်ဖက် ပြောင်းလုပ်ပေးပါ။<\p>
alignnone size-medium wp-image-55789
(ဃ) ဖိအားပြောင်းလေ့ကျင့်ခြင်း

ဦးစွာ ကြမ်းပေါ်မှာ မတ်မတ်ရပ်ပြီး ခြေဖဝါးတွေကို ကြမ်းပေါ်မှာ ကပ်နေပါစေ။ အဲဒီနောက် ဖြည်းဖြည်းချင်း ခန္ဓာကိုယ်အလေးချိန်ကို ဘယ်ဘက်ခြေထောက်ပေါ်သို့ ဖိချပြီး ညာခြေထောက်ပေါ်က ဖိအားကို လျှော့ချလိုက်ပါ။ ညာခြေထောက်ကို အနည်းငယ်ဘေးကို မြှောက်ပေးလိုက်လို့ရပါတယ်။ ထို့နောက် ခြေအစုံပြန်ရပ်ပြီး အလေးချိန်ကို ခြေနှစ်ဖက်လုံးအပေါ် မျှအောင်ပြန်နေပါ။ ပြီးမှ နောက်တစ်ဖက်ပြောင်းလုပ်ပေးရမှာ ဖြစ်ပါတယ်။<\p>
alignnone size-medium wp-image-55790
(င) လေမှုတ်ထုတ်လေ့ကျင့်ခြင်း

ထိုင်ခုံပေါ်မှာ သက်တောင့်သက်သာ ထိုင်လိုက်ပါ။ ထို့နောက် နှာခေါင်းပေါက်တစ်ဖက်ကို လက်နဲ့အသာအယာ ဖိပိတ်လိုက်ပြီး ကျန်တစ်ဖက်နဲ့ အသက်ရှူသွင်း၊ ရှူထုတ်ပြုလုပ်ပေးပါ။ ထို့နောက် နောက်ထပ်နှာခေါင်းပေါက်တစ်ဖက်ပြောင်းပြီး လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ၁ နာရီခြားတစ်ခါ ၃ မိနစ်ခန့်ပြုလုပ်ပေးရုံနဲ့ စိတ်ပင်ပန်းမှုတွေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။<\p>

Most Popular

Healthy Life Ad
To Top