Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်သူများအတွက် အကောင်းဆုံး သရေစာများ

—————-၊ ဇွန် ၊—————–

အားကစားခန်းမမှာ လေ့ကျင့်ခန်း လုပ်ဆောင်လေ့ရှိသူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ပရိုတင်းတချို့ကို စားသုံးသင့်တယ်ဆိုတာ သိကြမှာပါ။ ပရိုတင်းကို ဘယ်လောက်များများနဲ့ ဘယ်အချိန်မှာ စားသင့်တယ်ဆိုတာကိုတော့ သိချင်မှသိပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ကြွက်သားတွေဟာ ပရိုတင်းဓာတ်ကိုတုံ့ပြန်ဖို့ အသင့်ပြင်နေပြီဖြစ်တာကြောင့် ကြွက်သားတွေ ကြီးထွားသန်စွမ်းဖို့ ပရိုတင်းဓာတ်ကိုစားပေးဖို့ လိုအပ်ပါတယ်။

ပရိုတင်းကို စားသင့်သည့်အချိန်

အားကစားမလုပ်ခင် မိနစ် ၃၀ အလိုနဲ့ အားကစားလုပ်ပြီး မိနစ် ၃၀ ကြာတဲ့အချိန်မှာ စားပေးရမှာ ဖြစ်ပါတယ်။ စားသင့်တဲ့ ပရိုတင်းပမာဏဟာ ၁၀-၂၀ ဂရမ်လောက် စားသင့်ပါတယ်။ စားသင့်တဲ့ပရိုတင်းပါတဲ့ သရေစာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သားနှင့် တူနာငါး

ပေါင်မုန့်ပါးပါးနှစ်ချပ်ကြားမှာ ကြက်သား ဒါမှမဟုတ် တူနာငါးညှပ်ပြီး စားပေးနိုင်ပါတယ်။ ကြက်သားပြားလေးချပ်မှာ ပရိုတင်းဓာတ် ၁၄ ဂရမ်ပါဝင်ပြီး ငါးသေတ္တာဗူးထဲက တူနာငါးတစ်ဝက်မှာ ပရိုတင်းဓာတ် ၂၂ ဂရမ်ပါဝင်နေပါတယ်။

(၂) ကြက်ဥပြုတ်၊ ဘဲဥပြုတ်

ပြုတ်ထားတဲ့ ကြက်ဥ ဒါမှမဟုတ် ဘဲဥဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အစားသင့်ဆုံးဖြစ်ပါတယ်။

(၃) ဒိန်ချဉ်

ဒိန်ချဉ်ဟာ အလေးမသူတွေအတွက် အကောင်းဆုံးအာဟာရပါ။ ဒိန်ချဉ်မှာ ပရိုတင်းဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တို့ များပြားစွာပါဝင်နေတာကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ သောက်သင့်တာဖြစ်ပါတယ်။ သစ်သီးတွေ၊ သကြားတွေနဲ့ ရောထားတဲ့ ဒိန်ချဉ်ကိုမသောက်ပါနဲ့။ အရသာကောင်းချင်ရင် အခွံမာသီးနဲ့ စတော်ဘယ်ရီသီး ဒါမှမဟုတ် ဘလူးဘယ်ရီသီးရောထည့်ပြီး သောက်ပေးနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top