Healthy Life Ad
Health Tips

သက်သတ်လွတ်စားတာကြောင့် ဘယ်လိုကောင်းကျိုးတွေကို ရရှိစေနိုင်သလဲ

————–၊ စူး(ဆေးဝါးတက္ကသိုလ်) ၊—————–

သက်သတ်လွတ်စားတယ်ဆိုတာ တိရစ္ဆာန်အသားတွေကိုမစားဘဲ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကိုပဲစားတာကို ဆိုလိုပါတယ်။ ပရိုတင်းဓာတ်မှာ အမိုင်နိုအက်စစ် ၂၂ မျိုးပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် သက်သတ်လွတ်စားတဲ့အခါမှာ အသားကနေ ပရိုတင်းဓာတ်ကို မရရှိနိုင်တာကြောင့် ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ကောက်နှံစာတွေကနေ ပရိုတင်းဓာတ်ကိုရရှိအောင် ရယူသင့်ပါတယ်။

သက်သတ်လွတ်စားတာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကတော့-

(၁) ကယ်လိုရီပါဝင်မှု နည်းပါးတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပြီး အဝမလွန်စေပါဘူး။

(၂) အဆီစားသုံးမှုကို နည်းပါးစေပါတယ်။ သက်သတ်လွတ်အစာတွေမှာ အခွံမာသီး၊ အစေ့အဆန်၊ ပဲနို့ စတာတွေပါဝင်ပေမယ့် ယေဘုယျအားဖြင့် အဆီပါဝင်မှု နည်းပါးပါတယ်။ ဒါကြောင့် သွေးတွင်းကိုလက်စထရောအဆင့် လျော့ကျပြီး နှလုံးရောဂါ၊ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာတို့ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၃) အမျှင်ဓာတ်ပါဝင်မှု မြင့်မားပါတယ်။ အမျှင်ဓာတ်ကို များများစားတာက အူမကြီးကင်ဆာ၊ အူမကြီးဆိုင်ရာရောဂါ၊ အစာဟောင်းအိမ်ကင်ဆာ၊ အူအတက်ရောင်ရမ်းတာ၊ လိပ်ခေါင်းဖြစ်တာနဲ့ အူကျတာတွေရဲ့ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၄) အသက်ရှည်ရှည်နေရနိုင်ပါတယ်။ ပုံမှန်အခြေအနေမှာ သက်သတ်လွတ်စားသူတစ်ဦးဟာ မစားသူထက် ၄-၁၀ နှစ် အသက်ပိုရှည်နိုင်ပါတယ်။

(၅) သက်သတ်လွတ်စားတဲ့သူတွေက သက်လုံကောင်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ သက်လုံကောင်းဖို့ လိုအပ်တဲ့အာဟာရက ကာဗိုဟိုက်ဒရိတ် ဖြစ်ပါတယ်။ ဒါကြောင့် သက်သတ်လွတ်စားသူတွေထက် အသားစားသူတွေက သက်လုံပိုကောင်းစေပါတယ်။

အကြံပြုချက်

လေဖြတ်ခြင်းကင်းဝေးအောင် ငှက်ပျောသီးနဲ့ ပဲသီးစားပါ လေဖြတ်ဝေဒနာကင်းဝေးအောင် ပိုတက်စီယမ်ပေါများစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကို များများစားပေးသင့်ပါတယ်။ လတ်တလောလေ့လာမှုတစ်ခုအရ လူတစ်ဦးဟာ ပိုတက်စီယမ် ၁၀ဝ၀ မီလီဂရမ်မှီဝဲတိုင်း လေဖြတ်ဝေဒနာအန္တရာယ် ၁၁ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ပိုတက်စီယမ်ပါဝင်မှု မြင့်မားတဲ့ ငှက်ပျောသီးနဲ့ ပဲသီးတို့ကို စားပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top