Healthy Life Ad
Health Tips

လူအများမျှော်လင့်မထားဘဲ စိတ်ဖိစီးမှုဖြစ်စေသည့် အရာများနှင့် ဖြေလျှော့နည်းများ

————–၊ ဇွန် ၊—————

စိတ်ဖိစီးမှုဖြစ်စေတဲ့အရာလို့ ဆိုလိုက်ရင် လူအများစုက အလုပ်အကိုင်၊ ငွေရေးကြေးရေး၊ မိသားစု၊ ကျန်းမာရေး စတာတွေကိုပဲ ပြေးမြင်တတ်ကြတယ်။ တကယ်လည်း အဲဒီအရာတွေက စိတ်ဖိစီးမှုဖြစ်စေနိုင်တာ အမှန်ပါပဲ။ ဒါပေမဲ့ ပုန်းလျိုးကွယ်လျိုးနဲ့ ကိုယ်ထင်မှတ်မထားဘဲ စိတ်ဖိစီးမှုပေးနေတဲ့ အရာတွေလည်း ရှိနေပါသေးတယ်။

(၁) ကွန်ပျူတာအသုံးပြုခြင်း

ကွန်ပျူတာသုံးနေချိန်မှာ သင်ရဲ့နှလုံးခုန်နှုန်းက ၃၀ရာခိုင်နှုန်း မြင့်တက်သွားပြီး မျက်တောင်ခတ်တဲ့အကြိမ်ရေက သိသိသာသာ လျော့နည်းသွားပါတယ်။ သင့်အနေနဲ့ သတိမထားမိဘဲ လက်မောင်းနဲ့ ပခုံးကြွက်သားတွေက အလိုလို တင်းမာသွားတတ်ပါတယ်။ ဒါဟာ သင်မသိလိုက်ဘဲ သင့်စိတ်၊ သင့်မျက်လုံးနဲ့ ခန္ဓာအပေါ် ဖိစီးမှုပေးနေတာပါ။

alignnone size-medium wp-image-55725
ဖိစီးမှုကို ဘယ်လိုလျှော့ချသင့်သလဲ

ကွန်ပျူတာအသုံးပြုချိန် နာရီဝက်ကြာတိုင်း ခန္ဓာကိုယ်အနေအထားကို ပြောင်းပေးပါ။ မတ်တတ်ရပ်ပြီး ဖုန်းပြောတာမျိုး၊ ရေထသောက်တာမျိုးတွေဟာ သွေးလှည့်ပတ်မှုကိုကောင်းစေပြီး ကြွက်သားတွေအပေါ် ဒဏ်ဖြစ်ခြင်းကို လျော့ပါးစေပါတယ်။ ကွန်ပျူတာကို အနားပေးတဲ့အနေနဲ့ Restart လုပ်ထားချိန်မှာ မျက်စိတွေကို စုံမှိတ်ထားပေးပါ။

(၂) ဇနီးတွင် သားဦးကိုယ်ဝန်ရှိစဖြစ်ခြင်း

သင့်ဇနီးက ကိုယ်ဝန်ရှိစအချိန်မှာ တောက်ပလာလေလေ၊ သင်ကချွေးပြန်လေလေပဲ ဖြစ်နေမှာပါ။ သြစတေးလျလေ့လာမှုတစ်ရပ်အရ သားဦးကိုယ်ဝန်ဆောင်ထားတဲ့ ဇနီးသည်တွေရဲ့ ပထမဆုံးလ အတောအတွင်းမှာ ဖခင်လောင်းတွေအတွက် စိတ်ဖိစီးမှု အများရဆုံးအချိန်ပဲဖြစ်ကြောင်း သိရပါတယ်။ အကြောင်းကတော့ ခင်ပွန်းအများစုဟာ မိသားစုကို ဦးဆောင်နိုင်ဖို့ အဆင်သင့်မဖြစ်သေးတာကြောင့်ပါတဲ့။

ဖိစီးမှုကို ဘယ်လိုလျှော့ချသင့်သလဲ

သားသမီးမယူခင်ကတည်းက ငွေရေးကြေးရေးပြေလည်အောင် စီမံကိန်းချထားပါ။ ဝင်ငွေထဲကနေ အသုံးစရိတ်လျှော့ပြီး စုဆောင်းထားတာမျိုး လုပ်ထားရင် သင့်ကိုမှီခိုနေရတဲ့ မိသားစုဝင်တွေအပေါ် ကောင်းကောင်းဂရုစိုက်နိုင်ပါလိမ့်မယ်။

alignnone size-medium wp-image-55726
(၃) စိတ်အပန်းပြေအောင် ကြိုးစားနေရခြင်း

စိတ်အပန်းပြေအောင် ကြိုးစားနေချိန်မှာ အခွန်ပြေစာတွေ၊ လုပ်ရမယ့်ပရောဂျက်တွေ၊ ကလေးတွေရဲ့ပူဆာသံတွေကို မောင်းထုတ်ရတာ စိတ်ပင်ပန်းစရာ ကောင်းလှပါတယ်။

ဖိစီးမှုကို ဘယ်လိုလျှော့ချသင့်သလဲ

အတွေးထဲကို ဘာပဲဝင်နေ၊ ဝင်နေ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ် လုပ်ပြီး ပူပန်မှုတွေကို မောင်းထုတ်လိုက်ပါ။ ပြီးရင် သင်လုပ်ရမယ့် ဦးစားပေးအစီအစဉ်တွေကို စာရွက်ထဲမှာချရေးပြီး အစီအစဉ်တကျဆောင်ရွက်ကာ အချိန်မီပြီးမြောက်အောင် ကြိုးစားပါ။

(၄) ကားမောင်းခြင်း

ကားအင်ဂျင်က ကောင်းနေရင်တောင်မှ သင့်စိတ်တွေက ပုံမှန်မဖြစ်နိုင်ပါဘူး။ အလုပ်ကို ကားမောင်းပြီးသွားလာကာ အထူးသဖြင့် ယာဉ်ကြောပိတ်တဲ့လမ်းမှာ ကားမောင်းရတဲ့ အမျိုးသားတွေဟာ တစ်နေ့လုံး စိတ်ဖိစီးမှုနဲ့ ရန်လိုခြင်းတို့ကို အနည်းနဲ့အများဆိုသလို ခံစားရတတ်ကြောင်း ကနေဒါသိပ္ပံပညာရှင်တွေက လေ့လာပြောဆိုထားပါတယ်။

ဖိစီးမှုကို ဘယ်လိုလျှော့ချသင့်သလဲ

နေ့စဉ် ယာဉ်ကြောထူထပ်မှုကြောင့် လုပ်ငန်းခွင်က အမျိုးသားတွေဟာ စိတ်ဖိစီးမှုကို ခံစားရတတ်ပါတယ်။ ဒါကြောင့် နေ့စဉ် နာရီဝက်လောက် အိပ်ရာကကြိုထပါ။ ဒါ့အပြင် အထက်လူကြီး၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေအောင် ညှိထားပါ။ လုပ်ငန်းခွင်မှာ ပျော်ရွှင်ကျေနပ်တဲ့ အမျိုးသားတွေဟာ ကားမောင်းတဲ့အချိန်မှာ စိတ်ဖိစီးမှုနည်းပြီး သက်သောင့်သက်သာရှိတတ်ပါတယ်။

(၅) အလုပ်ဖြုတ်မလိုလုပ်ပြီးမှ ပြန်ခန့်ခြင်း

အလုပ်ဖြုတ်ခံရပြီးခါမှ ပြန်ခန့်တဲ့အနေအထားဟာ ကောင်းမလိုလိုပါပဲ။ ဒါပေမဲ့ ဖင်းနစ်လေ့လာမှုအရ အလုပ်ဖြုတ်ပြီးမှ အလုပ်ပြန်ရသူတွေဟာ လုပ်ငန်းခွင်ဖိစီးမှုကြောင့် နှလုံးရောဂါရနိုင်ခြေ နှစ်ဆရှိကြောင်း သိရပါတယ်။

alignnone size-medium wp-image-55727
ဖိစီးမှုကို ဘယ်လိုလျှော့ချသင့်သလဲ

ဘာကြောင့် အလုပ်ဖြုတ်ရတယ်၊ ဘာကြာင့်ပြန်ခန့်တယ်ဆိုတဲ့ အကြောင်းရင်းကို သင့်အလုပ်ရှင်က သင့်ကိုပြောမပြဘူးဆိုရင် သင်ကမေးသင့်ပါတယ်။ ဒါ့အပြင် သင့်အလုပ်ရဲ့ လုံခြုံစိတ်ရမှုအကြောင်းနဲ့ သင်လုပ်ရမယ့် တာဝန်ယူမှု၊ တာဝန်ခံမှုအသစ်တွေ အကြောင်းကိုပါ မေးမြန်းထားသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top