Healthy Life Ad
Health Tips

ဓာတုပစ္စည်းကင်းစင်ပြီး အသားအရေကြည်လင်စေမည့် မျက်နှာပေါင်းတင်နည်း ၆ နည်း

————–၊ လရိပ်မေ ၊—————

မျက်နှာကို ပေါင်းတင်တဲ့အခါမှာ ကိုယ့်အသားအရေနဲ့ ပေါင်းတင်ဆေးတွေက တည့်မှတည့်ပါမလားလို့ စိုးရိမ်နေကြသူတွေအတွက် ဓာတုပစ္စည်းကင်းဝေးပြီး သင့်မျက်နှာကို ဝင်းပသွားစေမယ့် သဘာဝပေါင်းတင်နည်းတွေကို မျှဝေပေးလိုက်ပါတယ်။


(၁) ငှက်ပျောသီးဖြင့် ပေါင်းတင်နည်း

သင့်အသားအရေက ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် မျက်နှာစိုပြေတင်းရင်းသွားအောင် ငှက်ပျောသီးတစ်လုံးကိုသုံးပြီး ပေါင်းတင်ပေးနိုင်ပါတယ်။ အလတ်စား ငှက်ပျောသီးမှည့်တစ်လုံးကို ချောမွေ့သွားတဲ့အထိ ကြိတ်ချေပြီး မျက်နှာနဲ့လည်ပင်းနေရာတွေကို လိမ်းခြယ်ပေးပါ။ အချိန် ၁၀-၂၀ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးကြောပေးလိုက်ပါ။ တခြားလူသုံးများတဲ့ ငှက်ပျောသီးနဲ့ ပေါင်းတင်နည်းတစ်မျိုးလည်း ရှိပါသေးတယ်။

ပြုလုပ်နည်းကတော့ ဒိန်ချဉ်အလွတ်ခွက်ရဲ့ လေးပုံတစ်ပုံ၊ ပျားရည်ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ အလတ်စားငှက်ပျောသီး တစ်လုံးတို့ကို ရောပြီး ပြစ်လာတဲ့အထိ ကြိတ်ချေပေးရမှာပါ။ အဲဒီအရောအနှောကို မျက်နှာနဲ့လည်ပင်းတွေပေါ် လိမ်းပေးပြီး အချိန် ၁၅ မိနစ်လောက်ကြာမှ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

alignnone size-medium wp-image-55690
(၂) ရှလကာရည်

ချွေးပေါက်ကျဉ်းဆေးရည်အဖြစ် ရှလကာရည်ကိုသုံးခဲ့တာ ကြာပါပြီ။ ဒီနေ့ခေတ်အထိလည်း ရှလကာရည်က အရေးပါနေတုန်းပါပဲ။ မျက်နှာသစ်ပြီးချိန်မှာ ရှလကာရည် ထမင်းစားဇွန်းတစ်ဇွန်းကို ရေနှစ်ခွက်နဲ့ရောမွှေပြီး အဲဒီရေနဲ့ မျက်နှာကို ဆေးကြောချလိုက်ပါ။ ပြီးရင် ရေနဲ့ထပ်ဆေးစရာ မလိုတော့ပါဘူး။ ခြောက်သွေ့တဲ့အထိ ထားပေးပါ။

alignnone size-medium wp-image-55692
(၃) နွားနို့

နို့မှုန့်ခွက်ရဲ့ လေးပုံတစ်ပုံနဲ့ ရေကို စေးပျစ်တဲ့အထိ ဖျော်ပါ။ ခပ်ထူထူအရည်ကို ရလာရင် မျက်နှာပြင်အနှံ့ လိမ်းခြယ်ပြီး လုံးဝခြောက်သွေ့တဲ့အထိ ထားပါ။ ခြောက်သွေ့သွားမှသာ ကြက်သီးနွေးရေနဲ့ ဆေးကြောသန့်စင်ပေးပါ။ သင့်မျက်နှာက လန်းဆန်းကာ အားအင်ရလာသလို ဖြစ်လာပါလိမ့်မယ်။

alignnone size-medium wp-image-55693
(၄) အုတ်ဂျုံမှုန့်

သင့်အနေနဲ့ ချက်ချင်းလန်းဆန်းလာချင်တယ်ဆိုရင် အုတ်ဂျုံမှုန့်နဲ့ မျက်နှာပေါင်းတင်ပေးပါ။

ပြုလုပ်နည်းမှာ ရေနွေးခွက်တစ်ဝက်နဲ့ အုတ်ဂျုံမှုန့်ခွက်ရဲ့ သုံးပုံတစ်ပုံကို ရောမွှေလိုက်ပါ။ အချိန်နှစ်မိနစ်လောက်ကြာမှ ဒိန်ချဉ်အလွတ် ထမင်းစားဇွန်းနှစ်ဇွန်း၊ ပျားရည်ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပါ။ အဲဒီအရောအနှောကို မျက်နှာပြင်ပေါ် ခပ်ပါးပါးလိမ်းကာ အချိန် ၁၀- ၁၅ မိနစ်လောက် ထားပေးပြီးမှ ရေနဲ့ဆေးချလိုက်ပါ။

alignnone size-medium wp-image-55694
(၅) မရောနိစ် (Mayonnaise)

သင့်မျက်နှာပေါ်မှာ မရောနိစ်(Mayonnaise) ကို ညင်ညင်သာသာလိမ်းပေးပြီး မိနစ်၂၀ လောက် ထားပေးပါ။ ပြီးရင် တစ်ရှူးစနဲ့ သုတ်ပေးပြီး ရေအေးအေးနဲ့ ဆေးကြောချလိုက်ပါ။ သင့်မျက်နှာတစ်ခုလုံး ကြည်လင်ချောမွေ့သွားတာကို တွေ့ရပါလိမ့်မယ်။

alignnone size-medium wp-image-55695
(၆) ဒိန်ချဉ်

မျက်နှာအသားအရေ လှပသန့်စင်ရေးအတွက် Spa ကို မသွားနိုင်ရင်တောင် သင့်အိမ်မှာ ဒိန်ချဉ်ရှိနေရင် အဆင်ပြေပါတယ်။ မျက်နှာအသားအရေ သန့်စင်ပြီး ချွေးပေါက်ကျယ်တာတွေ လျော့သွားအောင် မျက်နှာပြင်ပေါ်မှာ ဒိန်ချဉ်အလွတ်ကို လိမ်းပေးကာ မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးမှ မျက်နှာကို ရေနဲ့ဆေးကြောသန့်စင်ပေးပါ။

Most Popular

Healthy Life Ad
To Top